News

POST TAGGED AS

နိုင်ငံတကာ

အလီဘာဘာလုပ်ငန်းစု ဦးပိုင်လီမိတက်၏ ပူးတွဲထူထောင်သူနှင့် အမှုဆောင်ဥက္ကဋ္ဌ ဂျက်မာသည် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကုမ္ပဏီတာဝန်မှ အနားယူမည်ဖြစ်ပြီး အင်္ဂလိပ်စာဆရာ ဟောင်းဂျက်မာသည် ပညာရေးနယ်ပယ် ပရဟိတလုပ်ငန်းများကို ဦးစားပေးလုပ်ကိုင်သွားမည်ဖြစ်ကြောင်း New York Times သတင်းစာက ဖော်ပြသည်။
ရခိုင်မြောက်ပိုင်း မွတ်ဆလင်အသိုင်းအဝိုင်းကို မျိုးဖြုတ် တိုက်ခိုက်ခဲ့သည်ဆိုသောစွပ်စွဲချက်ဖြင့် စုံစမ်းအရေးယူရန် နိုင်ငံတကာ ရာဇဝတ်ခုံရုံးဆုံးဖြတ်ချက်ကို လက်မခံကြောင်းနှင့် ထိုဆုံးဖြတ်ချက်ကိုလိုက်နာရန် မြန်မာတွင်တာဝန်မရှိကြောင်း မြန်မာအစိုးရက ယနေ့ (စက်တင်ဘာ ၈ ရက်)တွင် တုံ့ပြန်လိုက်သည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် အခွင့်အလမ်း၊ စိန်ခေါ်မှု၊ အလားအလာနှင့် ရေရှည်ရပ်တည်နိုင်ရန် ဟောပြောဆွေးနွေးပွဲများပါဝင်သည့် နိုင်ငံတကာမွေးမြူရေးနှင့် စိုက်ပျိုးရေးပြပွဲကို မန္တလေးမြို့တွင် တတိယအကြိမ်မြောက် ကျင်းပလျက်ရှိသည်။
စက်မှုအင်အားကြီး ၇ နိုင်ငံ G7 ခေါင်းဆောင်များသည် ကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ရန်အတွက် ခက်ခက်ခဲခဲရုန်းကန်နေကြရပြီး အမေရိကန်နှင့် မဟာမိတ်များအကြား နက်ရှိုင်းစွာ သဘောကွဲလွဲနေမှုကြောင့် ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ဖွယ်မရှိဟု DW သတင်းတွင် ဖော်ပြထားသည်။
စက်မှုအင်အားကြီး ၇ နိုင်ငံ G7 ခေါင်းဆောင်များသည် ကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ရန်အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရပြီး အမေရိကန်နှင့် မဟာမိတ်များအကြား နက်ရှိုင်းစွာ သဘောကွဲလွဲနေမှုကြောင့် ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ဖွယ်မရှိ ဟု DW သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ ဘာသာရေးခေါင်းဆောင်များ ပါဝင်သည့်အဖွဲ့ မောင်တောဒေသ၏ မြေပြင်အခြေအနေများကို သွားရောက်လေ့လာရန် မေလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) က နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍကို တာဝန်ယူမည့် နိုင်ငံတကာ ဆက်ဆံရေး လုပ်ငန်းအဖွဲ့ အသစ်ကို ဖေဖော်ဝါရီ လကုန်ပိုင်းက စတင် ဖွဲ့စည်းလိုက်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။
ယခုဘဏ္ဍာနှစ် ကိုးလတာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်တကယ် စီးဝင်သည့်ပမာဏမှာ အမေရိကန်ဒေါ်လာ လေးဘီလီယံနီးပါးရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
13-Feb-2018 tagged as နိုင်ငံတကာ
ကမ္ဘောဒီးယားနိုင်ငံတွင် လိင်ဖျော်ဖြေရေးရုပ်ရှင် ရိုက်ကူးသည်ဟု စွပ်စွဲခံရသော နိုင်ငံခြားသားခရီးသွား ဆယ်ဦးအနက်မှ ခုနစ်ဦးကို ပြည်နှင်ဒဏ်ပေးလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
နျူကလီးယား လက်နက်စီမံကိန်း လုပ်ဆောင်နေသည့် မြောက်ကိုရီးယားအပေါ် နိုင်ငံတကာက အရေးယူပိတ်ဆို့မှု များစွာ ချမှတ်ထားသော်လည်း ယင်းပိတ်ဆို့မှုများကို ချိုးဖောက်ပြီး ကုန်သွယ်ဆက်ဆံနေသည့် နိုင်ငံ ၄၉ နိုင်ငံအထိရှိကြောင်း အမေရိကန်အခြေစိုက် သုတေသနအဖွဲ့ တစ်ဖွဲ့၏ အစီရင်ခံစာကိုကိုးကားပြီး CNN သတင်းဌာနက ဖော်ပြသည်။