News

POST TAGGED AS

ကြိုးတံတား

ပဲခူးတိုင်း ဆောက်လုပ်ရေးစစ်ဆေးရေးမရပ်ပါက လွှတ်တော်တွင် ကြားနာမည်
တောင်ငူ၊ ဧပြီ ၁

ပဲခူးတိုင်းဒေသကြီးလွှတ်တော်က ရပ်ဆိုင်းခိုင်းထားသော တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေး အဖွဲ့ (BRCCA) က မရပ်ဆိုင်းဘဲ ဆက်လက်လုပ်ကိုင်နေသည့်အတွက် လာမည့် လွှတ်တော်အစည်းအဝေးတွင် ကြားနာပွဲလုပ်ဆောင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ဆိုသည်။

“မဲခွဲဆုံးဖြတ်ပြီး ရပ်ဆိုင်းခိုင်းတဲ့အဖွဲ့ကို လွှတ်တော်ရဲ့ ကတိကဝတ်များဆိုင်ရာ စည်းကမ်းအရ လုပ်ဆောင်ပေးရပါမယ်။ ခုမရပ်ဆိုင်းသေးတဲ့အခါ ကျွန်တော်တို့က လာမယ့် လွှတ်တော် အစည်းအဝေးတစ်ခုခုမှာ ကြားနာပွဲကျင်းပပြီး စုံစမ်းစစ်ဆေးမှုလုပ်ငန်းတွေ ဆောင်ရွက်သွားပါမယ်”ဟု ယင်းအဖွဲ့ရပ်ဆိုင်းပေးရေး အဆိုတင်သွင်းခဲ့သည့် ထန်းတပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ၎င်းက ပြောဆိုသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသည့် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးအဖွဲ့ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ဆန္ဒခံယူကာ ဥပဒေနှင့် မကိုက်ညီသည့်အတွက် ရပ်ဆိုင်းထားရန် ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ယင်းကဲ့သို့မဲခွဲဆုံးဖြတ်ခဲ့ကြပြီး ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း၌ BRCCA အဖွဲ့ကို လွှတ်တော်က ရပ်ဆိုင်းခိုင်းခြင်းသည် တရားမဝင်ကြောင်းနှင့် ယင်းအဖွဲ့သည် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ သဘောထားဆန္ဒတောင်းခံပြီး အစိုးရအဖွဲ့က ဦးဆောင်ဖွဲ့စည်းထားခြင်းသာဖြစ်ကြောင်း BRCCA အဖွဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူက တုံ့ပြန်ပြောကြားခဲ့သည်။

R-15



FOLLOW US