News

POST TAGGED AS

ဗြိတိန်

အမေရိကန်မှ ပြည်နှင်ဒဏ်ပေးခံရသူ မြန်မာနိုင်ငံသား ၂၇ ဦးပြန်ရောက်
ရန်ကုန်၊ သြဂုတ် ၂၃

အမေရိကန်ပြည်ထောင်စုတွင် အိမ်တွင်းအကြမ်းဖက်မှုနှင့် ထောင်ကျဖူးသူ မြန်မာနိုင်ငံသား ၂၇ ဦး ပြည်နှင်ဒဏ်ပေးခံ၍ သြဂုတ်လ ၂၂ ရက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဟောင်းဆလိုင်း အိုင်းဇက်ခင်က ပြောကြားသည်။

“ဟုတ်တယ်။ မနေ့က ပြန်လာတယ်။ အစိုးရပိုင်းနဲ့တော့မဆိုင်ဘူး။ သူတို့က အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပြစ်မှုကျူးလွန်လို့ ထောင်ကျဖူးသူတွေဖြစ်တယ်”ဟု ၎င်းက ပြောကြားသည်။

ပြည်နှင်ဒဏ်ပေးခံရသည့် မြန်မာနိုင်ငံသား ၂၇ ဦးတွင် ချင်းလူမျိုး ၇ ဦး ပါဝင်ပြီး ချင်းလူမျိုးများသည် အမေရိကန်နိုင်ငံတွင် အနည်းဆုံး ငါးနှစ်မှ ဆယ်နှစ်နီးပါး နေထိုင်ခဲ့သူများဖြစ်ကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာမြို့နယ်အသင်းများနှင့် တွေ့ဆုံရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

ပြည်နှင်ဒဏ်ပေးခံရသူ မြန်မာနိုင်ငံသား ၂၇ ဦး ဩဂုတ်လ ၂၂ ရက် နံနက် ၁၁ ခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသဖြင့် သွားရောက်ကြိုဆိုခဲ့ကြောင်း ဟားခါး လူမှုရေးအသင်းမှ ဘာသာရေးဆရာ Thoms Thang kep က ပြောကြားသည်။

ပြည်နှင်ဒဏ်ပေးခံရသူများသည် အမေရိကန်အစိုးရပိုင်လေယာဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

ပြည်နှင်ဒဏ်ပေးခံရသည့် ချင်းလူမျိုး ခုနစ်ဦးသည် ချင်းပြည်နယ် ထန်တလန်နှင့် ဟားခါးမြို့နှင့် စစ်ကိုင်းတိုင်း ကလေးမြို့တို့မှဖြစ်သည်။ 

J-18



FOLLOW US