News

POST TAGGED AS

ဗြိတိန်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီဟန့်၏ မြန်မာနိုင်ငံခရီးစဉ်သည် ၎င်းအနေနှင့် မြန်မာ့ပြည်တွင်းရေးကို ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်ခဲ့သည့်ခရီးစဉ် တစ်ခုဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဝေဖန်လိုက်သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့် မြန်မာနိုင်ငံသို့ လာရောက်ရန်စီစဉ်နေပြီး ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချလိုက်မှုအား ယင်းခရီးစဉ်အတွင်း ဆွေးနွေးသွားမည်ဟု ၎င်းက ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Mail သတင်းစာက ရေးသားဖော်ပြသည်။
ထွက်ပြေးသွားကြသူများ၏ နိုင်ငံသားဖြစ်မှု အနေအထား၊ ပြည်တွင်းသို့ ရွှေ့ပြောင်းဝင်ရောက်လာမှု အနေအထားနှင့် စပ်လျဉ်းပြီး မည်သို့ပင် ယူဆထားစေကာမူ ထိုသူတိုင်းမှာ လူသားသာလျှင် ဖြစ်နေသည်မှာတော့ ငြင်းမရသောအချက်ပင် ဖြစ်ပါသည်။ ထိုသူတို့၏ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန် ကျွန်တော်တို့အားလုံး အစုလိုက် အပြုံလိုက် ပျက်ကွက်ခဲ့ကြပါသည်။
ဗြိတိန်နိုင်ငံတွင်နေထိုင်သော ရုရှားသူလျှိုကို ရုရှားတို့က နာ့ဗ်အဆိပ်အသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရပြီးနောက် ရုရှားနိုင်ငံကို ဒဏ်ခတ်အရေးယူမှုသစ်များ ပြဋ္ဌာန်းရန်ဆုံးဖြတ်လိုက်ကြောင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုသည်။
ဗြိတိန်နိုင်ငံတွင် မဟာဘွဲ့ တက်ရောက်လိုသူများအတွက် ဗြိတိန်အစိုးရက ချီးမြှင့်သည့် ချီးဗနင်းပညာသင်ဆုကို ယခုလ ၆ ရက်တွင် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးထံမှ သိရှိရသည်။
ဗြိတိန်မဲဆန္ဒရှင်များသည် ပျက်စီးရာပျက်စီးကြောင်း စေတနာပါသည့် အမြင်များ၏ ပစ်မှတ်ထားခံနေရပြီး ဒီမိုကရေစီအကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ဗြိတိန်လွှတ်တော် ကော်မတီတစ်ရပ်၏ ထုတ်ပြန်ချက်ကို BBC က ဖော်ပြသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ဗြိတိန်အစိုးရက အမေရိကန် ဒေါ်လာသန်း ၂၀၀ ကူညီမည်ဖြစ်ကြောင်း မန္တလေးတိုင်း ကုန်သည်စက်မှုအသင်း (MRCCI) ထံမှ သိရသည်။
အီးယူမှ ဗြိတိန် နုတ်ထွက်မှုကို ဖော်ပြသော စာတမ်းအား ဗြိတိန်နိုင်ငံက ဥရောပဘာသာစကား အမျိုးမျိုးဖြင့် ဘာသာပြန်ဆို ထုတ်ဝေမှုအပေါ် ဥရောပတိုက်ရှိ ရိုးရာဓလေ့ စကားပြောသူများထံမှ လှောင်ပြောင်သံများ ထွက်ပေါ်လာခဲ့သည်ဟု DW သတင်းတွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် မစ္စတာဒန်ချက်သည် တရားမဝင် တိရစ္ဆာန်ကုန်ကူးသူများလက်မှ ကယ်တင်ခဲ့သည့် လိပ်များကို ကြည့်ရှုလေ့လာရန် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ ဘန်းဘွယ် လိပ်ကယ်ဆယ်ရေးစခန်းသို့ ဇူလိုင်လ ၁၇ ရက်က သွားရောက်ခဲ့ကြောင်း ဗြိတိန်သံရုံးက သတင်းထုတ်ပြန်သည်။
ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသော်လည်း စကော့တလန်ပြည်ရှိ သူပိုင်အပန်းဖြေစခန်းတွင် ဂေါက်သီးရိုက် အပန်းဖြေဦးမည်ဖြစ်ကြောင်း BBC သတင်းဌာနကဖော်ပြသည်။