News

POST TAGGED AS

မြန်မာ

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးမြင့်တင်ရန် မေလလယ်အတွင်း နှစ်ရက်ကြာ လာရောက်မည့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်တွင် အိန္ဒိယပညာရှင်များနှင့် ပျက်စီးခဲ့သော ပုဂံဘုရားများ ပြုပြင်မွမ်းမံရေးနှင့် နည်းပညာအကူအညီပေးရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောကြားသည်။
စစ်ဘေးရှောင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံဒုက္ခသည် စခန်းအသီးသီးသို့ ရောက်ရှိပြီး ပြန်လာသည့် ဒုက္ခသည် ၇၃ ဦးကို ၎င်းတို့၏ မူရင်းနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ ခရိုင်ရှိ ပင်လယ်စာထုတ်လုပ်သည့် J-Kourmant စက်ရုံသည် လုပ်ငန်းရပ်နားလိုက်ခြင်းကြောင့် မြန်မာအလုပ်သမား ၁၈၅ ယောက် အလုပ်လက်မဲ့ဖြစ်ပြီး ၎င်းတို့ကို တစ်ပတ်အတွင်း အလုပ် ပြန်လည်ရရှိအောင် အမြန်ဆုံးလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံမှာ အစ္စလာမ္မစ်နိုင်ငံ များအဖွဲ့အစည်း(အိုအိုင်စီ)၏ အဖွဲ့ဝင်နိုင်ငံမဟုတ်သဖြင့် ယင်းအဖွဲ့အစည်းက လာရောက် စစ်ဆေးခြင်းမျိုးကို မြန်မာအစိုးရက လက်ခံမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက The Voice Daily သို့ ပြောကြားသည်။
အာဏာရပါတီသည် အစိုးရမှတစ်ဆင့် အုပ်ချုပ်ရေးအာဏာကိုရရှိထားရာ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်ခွင့်ရှိသည်။ လူအများလိုက်နာစေရန် အစိုးရမှတစ်ဆင့် ဖိအားပေး လုပ်ဆောင်နိုင်သည့် အခွင့်အာဏာရှိသည်။ သို့ပါ၍ အမုန်းစကားများ မပြန့်ပွားစေရန် လုပ်ဆောင်ရာ၌ အဓိက တာဝန်အရှိဆုံးသူဖြစ်သည်။
မြန်မာနိုင်ငံကို အီသီယိုးပီးယား (အာဖရိက) နဲ့ နှိုင်းယှဉ်ခြင်း၊ အီဂျစ်နိုင်ငံ (အာဖရိက) ဒီမိုကရေစီနဲ့ နှိုင်းယှဉ်ခြင်း လုပ်နေခြင်းက သိပ်အဓိပ္ပာယ် မရှိပါ။ မြန်မာနဲ့ ယဉ်ကျေးမှု၊ စရိုက်၊ ရာသီဒေသ အလွန် ခြားနားပါတယ်။ ဂျပန်၊ အမေရိကန်၊ ဂျာမနီ၊ ချက်ကိုစလိုဗက် စတဲ့နိုင်ငံများလည်း မဟုတ်ပါ။ တကယ်နှိုင်းယှဉ်ရမယ့် နိုင်ငံတွေကတော့ အနီးဆုံးဖြစ်တဲ့ ဗီယက်နမ်၊ စင်ကာပူ၊ တရုတ်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနဲ့ အကူအညီ အများဆုံးရမယ့် နိုင်ငံကတော့ တရုတ်၊ ဂျပန်နဲ့ အာဆီယံနိုင်ငံများပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် ကျောင်းစာကြည့် တိုက်များ တိုးပွားလာစေရေးနှင့် စာကြည့်တိုက်များကို အသုံးပြုတတ်ကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ကြောင်း မေလ ၃ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သော (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများ ညီလာခံတွင် တိုက်တွန်းပြောကြားသည်။
မြန်မာ- အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့တည်ထောင်သည့် ၇၆ နှစ်ပြည့် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခွင့်မပေးသည့်အပေါ် ဆန္ဒထုတ်ဖော်၍ ကျောက်တိုင်စိုက်ထူခွင့်ရရှိရေး တောင်းဆိုမည်ဖြစ်ကြောင်း ရိခေါဒါရ်မြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချန်လျန်မာက ပြောကြားသည်။
အဖွဲ့ဝင် ၁၅ နိုင်ငံဖြင့် ဖွဲ့စည်း ထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်များ၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း ပထမဦးဆုံး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော် အတိုင်ပင်ခံရုံးတွင် ဧပြီလ ၃၀ ရက် မွန်းလွဲပိုင်း၌ တွေ့ဆုံမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။