News

POST TAGGED AS

ပြည်သူ့လွှတ်တော်

ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့ကို NLD ပါတီတွင်း တာဝန်များမှ ရပ်ဆိုင်းလိုက်ကြောင်း ယင်းပါတီထံမှ သိရသည်။
တစ်ဖက်ကကြည့်ရင်လည်း အစိုးရအနေနဲ့ အခုလို စိစစ်ပြီးလက်ခံတာ၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့ မျက်စိစုံမှိတ်ပြီး ငြင်းဆန်နေတာ၊ ကိုယ့်ခြံစည်းရိုးကိုပဲ ကိုယ်လုံအောင်ကာပြီး တစ်ဖက်နိုင်ငံထဲမှာ ယခုရှိတဲ့သူ တစ်သန်းခန့်ထဲက အမှန်တကယ် နိုင်ငံသား ဖြစ်သင့်တဲ့သူတွေကို စနစ်တကျ ပြန်လည် ရွေးထုတ် စိစစ်လက်ခံတာတွေ မလုပ်ဘူးဆိုရင် နိုင်ငံတကာရဲ့ ဖိအားဟာ ပိုမိုပြင်းထန်လာနိုင်ပြီး ရခိုင်ဒေသဟာ မငြိမ်းချမ်းခြင်း သံသရာအကြားမှာ လူ့အသက် ၃-၄ ဆက်ခန့်ရှိတဲ့အချိန်အထိ ဒီအတိုင်း ဆက်သွားကြပါလိမ့်မယ်။
စင်စစ် သမ္မတသစ်တစ်ဦးအနေနှင့် တရားဝင်လွှဲပြောင်းရယူရသည့်အချိန်တွင် နိုင်ငံတော်၏ ပစ္စက္ခအခြေအနေမှာ ဘက်ပေါင်းစုံမှ လိုအပ်ချက်များ၊ ချွတ်ယွင်း အားနည်းမှုများ၊ ရင်ဆိုင်ဖြေရှင်းနေရမှုများနှင့် ကြုံဆုံနေရသည့်အချိန်ဖြစ်သည်။ ယခင်သမ္မတဟောင်း ဦးထင်ကျော်လက်ထက်တွင် သမ္မတတစ်ဦး၏ လုပ်ပိုင်ခွင့်ဘောင်အတွင်းမှပင် ထင်ထင်ရှားရှား လုပ်နိုင်ခွင့်မရခဲ့သည်ကို တွေ့ခဲ့ကြရသည်။
ယမန်နေ့က နုတ်ထွက်သွားသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နေရာတွင် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်းမြတ်ကို ရွေးချယ်တင်မြှောက်လိုက်သည်။
ယနေ့ကျင်းပမည့် ပြည်သူ့လွှတ်တော်၌ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က နိုင်ငံတော် သမ္မတလောင်းကို ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်က ထုတ်ပြန်ကြေညာထားသည်။
လက်ရှိကာလမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေက လွတ်မြောက်အောင်ကြိုးစားဖို့ဆိုရင် NLD အစိုးရအနေနဲ့ အခုလို စိတ်ပိုင်းဆိုင်ရာနဲ့ လုပ်ရည်ကိုင်ရည်ပိုင်းဆိုင်ရာမှာ ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်မယ့်သမ္မတလိုမျိုးကိုသာ ခန့်အပ်သင့်တယ်၊ ခန့်အပ်မယ့် သမ္မတအနေနဲ့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဦးဆောင်မှုကိုခံယူပြီး စွမ်းရည်ရှိတဲ့သူလည်း ဖြစ်သင့်တယ်၊
ယမန်နေ့က နုတ်ထွက်သွားသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နေရာတွင် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်ကို ရွေးချယ်တင်မြှောက်လိုက်သည်။
နိုင်ငံတော် သမ္မတ ဦးထင်ကျော် သမ္မတရာထူးမှ နုတ်ထွက်လိုက်ပြီဟု နိုင်ငံတော်သမ္မတရုံးက မတ်လ ၂၁ ရက်နေ့ နံနက်က ကြေညာခဲ့သလို ပြည်သူ့လွှတ်တော်တွင်လည်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့သည်။
ဖြစ်လေ့ဖြစ်ထရှိတဲ့ပုံစံက ထုံးစံတစ်ရပ်လို ဖြစ်နေပြီး အခြားပါတီတစ်ခုခုက ဖြစ်ဖြစ်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကဖြစ်ဖြစ်၊ ဆန့်ကျင်ဘက်ပါတီဘက်ကဖြစ်ဖြစ် တစ်ခုခုကို ကန့်ကွက်ဆွေးနွေးလို့ မဲပေးခဲ့ရင်တော့ ဆွေးနွေးတဲ့ အကြောင်းအရာကို မကြည့်တော့ဘဲ နိုင်ငံရေးဘက်ကိုသာ ကြည့်ပြီး ပါတီချင်း အားပြိုင်တဲ့ဘက်ကို ရောက်ရှိသွားနေကြတာ အင်မတန် စိတ်ပျက်ဖွယ်ရာ ကောင်းလှတဲ့အချက်ပါ။
ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) က နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍကို တာဝန်ယူမည့် နိုင်ငံတကာ ဆက်ဆံရေး လုပ်ငန်းအဖွဲ့ အသစ်ကို ဖေဖော်ဝါရီ လကုန်ပိုင်းက စတင် ဖွဲ့စည်းလိုက်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။