News

POST TAGGED AS

ပြည်သူလူထု

12-Sep-2018 tagged as ပြည်သူလူထု
ရွေးကောက်ပွဲ တစ်နည်းအားဖြင့် ကိုယ်စားလှယ်များ ရွေးချယ်ခြင်းသည် ပြည်သူများ၏ အနာဂတ်၊ နိုင်ငံ၏အနာဂတ်ပင် ဖြစ်သည်။ မဲပေးရွေးချယ်ကြမည့် ပြည်သူများက ကိုယ်တိုင်ပါဝင်ရမည့် Citizen Engagement ကို သိရှိထားမည်ဆိုပါက ယနေ့ပြောကြားနေသည့် မိမိကြမ္မာ မိမိဖန်တီးရေး ရရှိလာမည်ဖြစ်သည်။
နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်း ၁၀ ခုရှိ ရေဘေးသင့်သူများအတွက် ဇူလိုင်နှင့် ဩဂုတ်လများအတွင်း ကူညီထောက်ပံ့မှုဆိုင်ရာ စရိတ်အဖြစ် ကျပ်သန်း ၈၀၀ သုံးစွဲထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားသည်။
စစ်ကိုင်းမြို့ဘက်ခြမ်းရှိ ရတနာပုံတံတားအောက်တွင် အများပြည်သူအနား ယူအပန်းဖြေနိုင်မည့်နေရာတစ်ခု ဖော်ဆောင်မည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။
07-Aug-2018 tagged as ပြည်သူလူထု
အသွားမှာ သစ်နဲ့လူ လက်ပူးလက်ကြပ်မမိလို့ မဖမ်းနိုင်ဘူးပဲထား။ အပြန်ကျတော့ရောလို့ မေးပါလိမ့်မယ်။ အပြန်မှာလည်း လှည်းပေါ်မှာ သစ် ပါမလာပါဘူး။ ပိတောက်ပင်တွေကို တဒီးဒီးနဲ့သွားလှဲ၊ လိုချင်တဲ့အတိုင်းအတာအတိုင်း အရှည် ၉ ပေလောက်၊ ၁၈ လက်မဗျက်၊ ၉ လက်မ၊ ၁၀ လက်မထုလောက်ရတဲ့ အတုံးကြီးတွေဖြတ်၊ နဖားဖောက်ပြီး ကျွဲတွေ၊ နွားတွေနဲ့ဆွဲ၊ ကားဝင်လို့ရတဲ့နေရာမှာ ပုံထား၊ အချိန်တန်တော့ ပွဲစားက ကားနဲ့လာဝယ်၊ ငွေယူပြီးတော့ သစ်ကို ကားပေါ်တင်ပေးပြီး လှည်းနဲ့လူနဲ့ ပြန်လာ၊ အပြန်မှာ ထင်းကလေး ဘာလေးလောက်သာ ပါတော့တာမို့ အပြန်ခရီးမှာ ဖမ်းဖို့ကလည်း ခက်ပြန်။
ရေကြီးမှုများ ကြုံတွေ့နေရသည့် ပြည်နယ်နှင့်တိုင်းများမှ ရေဘေးသင့်ပြည်သူများကို ကူညီနိုင်ရန် အလှူခံမည့်အစီအစဉ်ကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်မပြုကြောင်း မန္တလေးတိုင်း သဘင်အစည်းအရုံး အတွင်းရေးမှူး ဦးပေါက်ကျိုင်းက ပြောကြားသည်။
ပြည်သူလူထုအတွင်း ကျန်းမာရေး အသိပညာ တိုးတက်လာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျန်းမာရေးသံတမန်အဖြစ် MRTV-4 မှ အစီအစဉ်တင်ဆက်သူ ဒေါက်တာစိုးညီညီထွန်းနှင့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါက်တာပိုင်ဖြိုးသုတို့ကို ခန့်အပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲ၍ အမုန်းစကားပြောကြားမှုများ မရှိစေရန် ဝန်ကြီးဌာနသုံးခုနှင့် ပြည်တွင်းအခြေစိုက် ဆက်သွယ်ရေးအော်ပရေတာများ ပူးပေါင်း၍ ဖေ့စ်ဘွတ်ခ်ကို ပြည်သူများ စနစ်တကျသုံးစွဲရန် ပညာပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စု ဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားသည်။
နိုင်ငံရေးသမားလို့ ပြောလိုက်ရင်အဲ့ဒီအထဲမှာ နိုင်ငံသားအားလုံးပါနေမှာပါ။ နိုင်ငံ့အရေးအရာ ကိစ္စရပ်တွေကို လုပ်ကိုင်ဆောင်ရွက်နေသူမှန်သမျှဟာ နိုင်ငံရေးသမားတွေချည်းပဲလို့ ပြောရမှာပါ။ ဒါပေမဲ့ နိုင်ငံရေးဆိုတာနဲ့ ပါတီနိုင်ငံရေးကိုတော့ ရောထွေးမသွားဖို့လိုမှာပါ။
ပိတ်မိနေတဲ့ပြည်သူတွေ ကယ်ထုတ်ရေး၊ စစ်ပွဲတွေ ရပ်တန့်ရေး၊ လူအား၊ ငွေအား၊ ဉာဏ်အားတွေနဲ့ လုပ်နေကြတာလည်း အားတက်သရောပါပဲ။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်အတွင်းက ကိုယ့်လူမျိုး အချင်းချင်းဖြစ်တဲ့ တိုက်ပွဲမှာ အစိုးရက ပိတ်မိပြည်သူတွေ ကယ်ထုတ်ပေးနေရတယ်ဆိုတာလည်း တစ်မျိုးကြီး ဖြစ်နေမလား စဉ်းစားရပြန်ပါတယ်။
တစ်ဖက်ကကြည့်ရင်လည်း အစိုးရအနေနဲ့ အခုလို စိစစ်ပြီးလက်ခံတာ၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့ မျက်စိစုံမှိတ်ပြီး ငြင်းဆန်နေတာ၊ ကိုယ့်ခြံစည်းရိုးကိုပဲ ကိုယ်လုံအောင်ကာပြီး တစ်ဖက်နိုင်ငံထဲမှာ ယခုရှိတဲ့သူ တစ်သန်းခန့်ထဲက အမှန်တကယ် နိုင်ငံသား ဖြစ်သင့်တဲ့သူတွေကို စနစ်တကျ ပြန်လည် ရွေးထုတ် စိစစ်လက်ခံတာတွေ မလုပ်ဘူးဆိုရင် နိုင်ငံတကာရဲ့ ဖိအားဟာ ပိုမိုပြင်းထန်လာနိုင်ပြီး ရခိုင်ဒေသဟာ မငြိမ်းချမ်းခြင်း သံသရာအကြားမှာ လူ့အသက် ၃-၄ ဆက်ခန့်ရှိတဲ့အချိန်အထိ ဒီအတိုင်း ဆက်သွားကြပါလိမ့်မယ်။