News

POST TAGGED AS

ပြည်တွင်း

ပြည်တွင်းဘုရားဖူးဝန်ဆောင်မှု လုပ်ငန်းများနှင့်ချိတ်ဆက်၍ ဒေသအစုံ သွားရောက်လည်ပတ်ရာတွင် ဘုရားဖူးခရီးသွားများအနေနှင့် မဖြစ်မနေအာမခံထားရှိရန် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ဘုရားဖူးခရီးသည်များ အသက်အာမခံထားရှိမှု မြင့်တက်လာကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း DPTOA မှ ဘဏ္ဍာရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။
ပြည်တွင်းရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် နိုင်ငံတကာပုဂ္ဂလိက ကျောင်းများအပါအဝင် ဝန်ဆောင်ခကို အမေရိကန်ဒေါ်လာဖြင့် ကောက်ခံနေသော လုပ်ငန်းများကို ဒေါ်လာဖြင့် ငွေပေးချေမှုများ မလုပ်ဆောင်ရန် ယခုလအတွင်း ထပ်မံ၍ ညှိနှိုင်းအကြောင်းကြားစာ ပေးပို့ထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။
ရေကြီး၊ ရေလျှံမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲနေသော ထားဝယ်နှင့် မော်လမြိုင်မြို့များသို့ ပြည်တွင်းလေကြောင်း လိုင်း၂ လိုင်း ယနေ့ (ဇူလိုင် ၃၀ ရက်) မှစ၍ အရေးပေါ်ပြေးဆွဲပေးမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းများက သတင်းထုတ်ပြန်သည်။
ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ ခွင့်ပြုလိုင်စင်မယူဘဲ တရားဝင် ရောင်းချခွင့် ရရှိထားသူများမှတစ်ဆင့် ပြန်လည်၍ အခွန်တံဆိပ်ခေါင်း ရောင်းချသူများကို အရေးယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်သည်။
ပြည်တွင်း လက်လီလက်ကား လုပ်ငန်းဈေးကွက်သို့နိုင်ငံခြားသားပိုင် ကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစပ်ထားသည့် ဖက်စပ်ကုမ္ပဏီများကို လုပ်ငန်းလုပ်ကိုင်ခွင့် စတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
စိန်တလုံးသရက်သီးအပါအဝင် အခြားသရက်သီးများကို မရင့်မှည့်မီ ခူးဆွတ်၍ မှည့်ဆေးအသုံးပြုကာ ပြည်ပ တင်ပို့ကြသဖြင့် ယခုနှစ်၌ ဧပြီလ ၂၀ ရက်နေ့ထက်စော၍ ပြည်ပ တင်ပို့ခြင်းများ မပြုလုပ်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က ရောင်းချခွင့်ရက်ကို သတ်မှတ်လိုက်သည်။
မြန်မာ့ထုတ်ကုန်များ တောင်အာဖရိကသို့ ပိုမိုတင်ပို့နိုင်ရန်နှင့် မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ကိုင်နိုင်ရန် တောင်အာဖရိကနိုင်ငံမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ထံမှ သိရသည်။
ပြည်တွင်းဘုရားဖူးခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများအနေနှင့် အာမခံချက် ရှိသည့်လုပ်ငန်း ဖြစ်လာစေရေးနှင့် အသိအမှတ်ပြု လက်မှတ်ရရန် မန္တလေးတိုင်း ဘုရားဖူးခရီးသွား ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက ကူညီပေးမည်ဟု ယင်းအသင်းထံမှ သိရသည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ တဖြည်းဖြည်း ပြန်ကျလာသော ဒေါ်လာဈေးသည် အမေရိက၌ အမေရိကန် ဒေါ်လာတန်ဖိုး ကျဆင်းခြင်းကြောင့် ဒေါ်လာဈေးကျပြီး ကျပ်ငွေတန်ဖိုး မြင့်တက်ကြောင်း ငွေကြေး ဈေးကွက်အတွင်းမှ သိရသည်။
၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ ဝင်ငွေခွန် ကျပ်ငွေ ၁၀၇ ဒသမ ၁၅၅ ဘီလီယံကျော် ပေးဆောင်ခဲ့သည့်အတွက် တစ်နိုင်ငံလုံးအနေနှင့် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သည့် ပထမနေရာကို ကမ္ဘောဇဘဏ်က ခြောက်နှစ်ဆက်တိုက် ရရှိခဲ့ကြောင်း ယင်းဘဏ်ထံမှ သိရသည်။