News

POST TAGGED AS

မြေ

27-Jul-2018 tagged as မြေ မုံရွာ
မုံရွာမြို့နယ်၊ သပြေတောရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ပလ္လင်ကုန်းလမ်းဘေးရှိ မြေပေါ်တွင် နမခ လက်အောက်ခံတပ်က ဇူလိုင် ၂၅ ရက်နေ့မှစ၍ မြေတူးဖော်ခြင်းနှင့် သစ်ပင်ခုတ်ခြင်းတို့ လုပ်ဆောင်နေ၍ ရွာသားများက တားမြစ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။
29-Jun-2018 tagged as မြေ မန္တလေး
အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းခံခဲ့ရသော လယ်ယာမြေများကို ပြန်လည်ပေးအပ်ရန်ရှိရာ စိစစ်ပြီးစီးသည့် လယ်ယာမြေဧက ၉၃၀၀ ကျော်ကို ယခုနှစ်ဒီဇင်ဘာလမကုန်မီ ပေးနိုင်အောင် စီစဉ်ထားကြောင်း မန္တလေးတိုင်းအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
မြေယာအငြင်းပွားမှု ဖြစ်ပေါ်နေသော သီလဝါဆိပ်ကမ်းရှိ လယ်ဧက ၁၀၀ နှင့်ပတ်သက်၍ လယ်သမား ၁၀ ဦး၏ လယ်မြေပိုင်ဆိုင်မှု အထောက်အထား လယ်မြေခွန်ပြေစာများကို ကျောက်တန်းမြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီက လာရောက်စစ်ဆေးခဲ့ကြောင်း လယ်သမား ဦးသန်းဝင်းက ပြောကြားသည်။
07-May-2018 tagged as ပဲခူး မြေ
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဘိုင်းဒါးကျေးရွာအုပ်စု ဆင်စခန်းကျေးရွာရှိ လယ်ယာမြေများကို အခြားနည်းဖြင့် သုံးစွဲရယူခွင့်မရှိဘဲ စက်ယန္တရားကြီးများဖြင့် တူးဖော်ရောင်းချနေသူများကို မေလ ၅ ရက်နေ့က ယင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံတိုင်ကြားခဲ့ကြောင်း တိုင်ကြားသူ ဒေသခံများထံမှ သိရသည်။
မြေကျွံမှုများဖြစ်ခဲ့သော ပုပ္ပားတောင်ကလပ် တောင်တက်လမ်းအပိုင်းအနီးမှ နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိ မြေထိန်းနံရံကို အသစ်ပြန်လည် တည်ဆောက်လျက်ရှိကြောင်း ပုပ္ပားတောင်ကလပ်ဂေါပကအဖွဲ့ထံမှ သိရှိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြေကွက်လွတ်များတွင် အဆောက်အအုံဆောက်လုပ်ခြင်းနှင့် ခြံဝင်းခတ်ခြင်းတို့ ပြုလုပ်ကြရန် မြို့တော်စည်ပင်သာယာရေးကော်မတီက သတိပေးချက် ထပ်မံထုတ်ပြန်လိုက်သည်။
26-Jan-2018 tagged as စီမံကိန်း မြေ
မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုရှိ မြို့သစ်စီမံကိန်းအတွက် သိမ်းဆည်းမြေယာဧက ငါးထောင်ကျော်ကို ပြန်လည်စွန့်လွှတ်မည်မဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းထံမှ သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ သမဝါယမ အသင်းပိုင်အဖြစ် နိုင်ငံတော်က မြေငှားဂရန်၊ ယာယီမြေငှားဂရန်နှင့် မြေချပါမစ်များ အသီးသီးထုတ်ပေးထားသော မြေကွက်နှင့်အဆောက်အအုံများကို ပြည်ထောင်စုအဆင့်မှ ပြန်လည်စိစစ်ရန် အကြံပြုမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
12-Jan-2018 tagged as မြေ နယူးယောက်
ကယ်လီဖိုးနီးယားတွင် ၁၇ ဦး သေဆုံးခဲ့သော ရွှံ့ရေပြိုဆင်းနစ်မြုပ်မှုများအပြီးတွင် လူဆယ်ဦးမက ပျောက်ဆုံးနေသောကြောင့် ကယ်ဆယ်ရေးသမား ရာပေါင်းများစွာက အပျက်အစီးများကို ရှင်းလင်းနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
10-Jan-2018 tagged as မြေ စစ်တွေ
ရခိုင်ပြည်နယ်အစိုးရက ရင်းနှီးမြှုပ်နှံမှု ၃၀ ရာခိုင်နှုန်း ထည့်သွင်းထားသော စစ်တွေမြို့သစ်စီမံကိန်းမှ မြေကွက်များ ဇန်နဝါရီလဆန်း နှစ်ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၉ သန်းကျော် ရောင်းချရကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။