News

POST TAGGED AS

မြောင်းမြ

မြောင်းမြမြို့ဝင် ကြိုးတံတား ဧပြီ ၁ ရက် နံနက်အစောပိုင်းက ပြတ်ကျခဲ့သော်လည်း ဒဂုံ ဧရာအဝေးပြေးမှ ထွက်ရှိသည့် ရန်ကုန်-မြောင်းမြ-လပွတ္တာ ယာဉ်လိုင်းများ ပုံမှန် ပြေးဆွဲလျက်ရှိကြောင်း ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်း (YRTA)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဧရာဝတီတိုင်း မြောင်းမြမြို့ရှိ မြောင်းမြကြိုးတံတားမှာ ယနေ့ ဧပြီလ ၁ ရက် နံနက် ၁ နာရီ ၄၅ လောက်တွင် ပြတ်ကျခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
မြောင်းမြမြို့ လေယာဉ်ကွင်းလမ်းဟောင်းအနီး ဆိုင်ကယ်စီးလာသည့် လူငယ်အမျိုးသားကို ဓားထောက်၍ ဆွဲကြိုးနှင့် ဖုန်းလုယက်ခဲ့သည့်အပြင် ၎င်းနှင့်အတူပါလာသည့် အမျိုးသမီးထံမှ ဆွဲကြိုးလုယက်ခဲ့သူ လေးဦးကို ဖမ်းဆီးထားကြောင်း မြောင်းမြမြို့မရဲစခန်းထံမှ သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နှင့် လပွတ္တာမြို့များတွင် သက်ငယ်မုဒိမ်း လျော့ကျပပျောက်ရေးအတွက် “သက်ငယ်မုဒိမ်း ပပျောက်ရေး လူတိုင်းပါဝင်ကူညီပေး” ဆောင်ပုဒ်ဖြင့် လှုပ်ရှားမှုကို မတ်လ ၁၈ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း အဆိုပါလှုပ်ရှားမှုတွင် ပါဝင်သူများထံမှ သိရသည်။
နေအိမ်၌ လူကြီးများမရှိခိုက် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးတည်းအိပ်နေစဉ် ဖခင်နှင့် မယားညီအစ်ကိုတော်စပ်သူက အဓမ္မပြုကျင့်ခဲ့ကြောင်း ချောက်မြို့မရဲစခန်းထံမှ သိရှိရသည်။
ဧရာဝတီတိုင်း မြောင်းမြမြို့ရှိ ကြိုးတံတားကို ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် မတ်လ ၁၁ ရက်နေ့ညပိုင်းတွင် ခေတ္တပိတ်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာ ၀ါးတောတွင် ဒီဇင်ဘာ ၁၀ ရက် ညနေ ၄ နာရီဝန်းကျင်က သုံးလောင်းပြိုင် လူသတ်မှဖြစ်ပွားခဲ့ပြီး တစ်ဦးမှာ မြောင်းမြဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သေဆုံးသူများ၏ မိသားစုဝင်များထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ကဝက်ကျေးရွာ အ.ထ.ကမှ ကျောင်းအုပ်ဆရာကြီးကို တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ တရားစွဲဆိုသည့် ကျောင်းသားများနှင့် မိသားစုဝင်များကို ဖိအားမပေးကြရန် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ကဝက်ကျေးရွာ အထကကျောင်းမှ ဆရာ၊ ဆရာမများကို သတိပေး ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် မြောင်းမြ(ရွေးမြစ်) မြစ်ကူးတံတားတစ်စင်းကို မူလက ဆောက်လုပ်ထားသော တံတားဟောင်းဘေးတွင် ယှဉ်လျှက် ပြည်ထောင်စုအစိုးရ၏ ငွေလုံးငွေရင်း ဘတ်ဂျက်ဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ထပ်မံတည်ဆောက်လျက် ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ မြို့ မြောင်းမြ အကျဉ်းထောင်တွင် ဇန်နဝါရီလ ၁၂ ရက် ညနေပိုင်းက ထောင်တံခါးမကြီး ဝင်ပေါက်တွင် WY စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။