News

POST TAGGED AS

မြောက်ကိုရီးယား

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် လူငယ်ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းတို့ စင်ကာပူတွင် သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲကျင်းပကာ နျူကလီးယားလက်နက်ဖြုတ်သိမ်းရန် သဘောတူညီခဲ့ကြပြီးနောက် မြောက်ကိုရီးယားနိုင်ငံတွင်း ကွန်မြူနစ်အစိုးရ၏ ဝါဒဖြန့်မှုများတွင် အပြောင်းအလဲများ ပေါ်ပေါက်လာပြီး စီးပွားရေးဖွံ့ဖြိုးမှုဘက်သို့ ဦးတည်လာကြောင်း လေ့လာစောင့်ကြည့်သူများ၏ သုံးသပ်ချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ဖျက်သိမ်းမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကို ကတိပေးထားသော ဒုံးကျည်စမ်းသပ်စခန်းနေရာမှာ မြောက်ကိုရီးယားအနောက်ပိုင်းရှိ တာဝေးပစ်ဒုံးကျည်များအတွက် အင်ဂျင်များ စမ်းသပ်ရာတွင်သုံးသည့် အကြီးစားစခန်းတစ်ခုဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနသို့ အတည်ပြု ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တတိယအကြိမ်မြောက် သွားရောက်သည့် ခရီ်းစဉ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဘေဂျင်းနှင့် ပြုံယမ်းအကြား တွန့်ဆုတ်မှုမရှိသော ချစ်ကြည်ရင်းနှီးမှု၊ ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ရှိကြောင်း ကြေညာသလို တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲကျင်းပနိုင်ခဲ့သည့်အတွက် ကင်ဂျုံအန်းကို အထူးပင် ချီးမွမ်းခန်းဖွင့်လိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အင်္ဂါနေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ တတိယအကြိမ်အဖြစ်သွားရောက်ခဲ့ကြောင်းနှင့် ၎င်း၏ ခရီးစဉ်မတိုင်မီ အမေရိကန်နှင့် တောင်ကိုရီးယားတို့က နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်းထားရန် သဘောတူညီလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်သမ္မတထရမ့်နဲ့ ကင်ဂျုံအန်းတို့ စင်ကာပူမှာ တွေ့ဆုံနေကြပြီး ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် တစ်ကမ္ဘာလုံးက မျှော်လင့်ချက်တွေ မြင့်မားနေကြပါတယ်။
ယမန်နေ့က စင်ကာပူတွင် ကျင်းပပြုလုပ်သွားသော ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအန်းတို့၏ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲကို တောင်ကိုရီးယားသမ္မတမွန်ဂျေအင်းနှင့်အတူ သူ၏အစိုးရက ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြသော်လည်း တောင်ကိုရီးယားနိုင်ငံသားအများစုကမူ နိုင်ငံလုံခြုံရေး အာမခံချက်များ လျော့ပါးသွားသည့်ကိစ္စအတွက် စိုးရိမ်လျက်ရှိကြောင်း၊ သို့သော် အမေရိကန်ပင်တဂွန်က မဟာမိတ်နိုင်ငံများ၏ လုံခြုံရေးအတွက် ဆက်လက်အကာအကွယ်ပေးထားသည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း သတင်းဌာနများ၏ ရေးသားဖော်ပြချက်အရသိရသည်။
ဇွန်လ ၁၂ ရက်နေ့က သမိုင်းဝင်ကျင်းပဖြစ်ခဲ့သည့် စင်ကာပူထိပ်သီးဆွေးနွေးပွဲတွင် ကင်ဂျုံအန်းက ဒေါ်နယ်ထရမ့်ကို မြောက်ကိုရီးယားနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး ဒေါ်နယ်ထရမ့်ကလည်း အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ရန် ကင်ဂျုံအန်းကို ဖိတ်ကြားခဲ့ကြောင်းနှင့် အဆိုပါဖိတ်ကြားမှုများကို နှစ်ဦးစလုံးက အပြန်အလှန်လက်ခံလိုက်ကြပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ၏ ရေးသားဖော်ပြချက်အရ သိရသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ထိပ်သီးဆွေးနွေးပွဲ မတက်ရောက်မီ ဇွန်လ ၁၁ ရက်နေ့ ညပိုင်း က စင်ကာပူမြို့တွင် လှည့်လည်ကြည့်ရှုခဲ့သလို စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်နှင့်လည်း ဆယ်ဖီဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယား မီဒီယာသည် သမ္မတထရမ့်နှင့်တွေ့ဆုံရန် စင်ကာပူသို့ ထွက်ခွာသွားသည့် ခေါင်းဆောင်ကင်ဂျုံအန်း၏ ခရီးစဉ်ကို ဇွန်လ ၁၂ ရက် ထိပ်သီးဆွေးနွေးပွဲမတိုင်မီကပင် သတင်းထုတ်ပြန်လိုက်သည်ဟု သတင်းတွင်ဖော်ပြထားသည်။
အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံခြင်းသည် သမိုင်းဝင်နေ့ရက်အဖြစ် တရုတ်က ချီးကျူးခဲ့ကာ ကိုရီးယားကျွန်းဆွယ်တွင် အပြည့်အဝ နျူကင်းစင်ရေးဖြစ်စေချင်ကြောင်း တောင်းဆိုခဲ့သည်ဟု AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။