POST TAGGED AS

သေနတ်

26-Mar-2018 tagged as သေနတ် မိတ္ထီလာ
မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက်၌ မတ် လ ၂၄ ရက်နေ့က ခဲဘောသီးထည့်၍ ပစ်ခတ်ရသည့် လက်လုပ်သေနတ်ကိုင်ဆောင်သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
အမေရိကန်ပြည်ထောင်စုတွင် ယခင်လက ဖလော်ရီဒါအထက်တန်းကျောင်း သေနတ်ပစ်မှုတွင် အသက်ရှင်သူများ၏တောင်းဆိုမှုကို တုံ့ပြန်သည့်အနေနှင့် စနေနေ့တွင် နိုင်ငံတစ်လွှား၌ သေနတ်ဥပဒေ တင်းကျပ်ရေး ဆန္ဒပြပွဲများပြုလုပ်ခဲ့ပြီး ကျောင်းသားရာပေါင်းများစွာပါဝင် ချီတက်ခဲ့ကြသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းအပိုင်း ကျောက်မဲမြို့နယ်၊ ပင်တိန်ကျေးရွာအုပ်စု မန်တန်းရွာနှင့် လွယ်လန်းလမ်းဆုံတွင် မတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က နွားများတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး သေနတ်ဖြင့်ပစ်ခံရမှုကြောင့် ယာဉ်မောင်းနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ ကျန်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
အမေရိကန်နိုင်ငံ ပင်ဆီလ်ဗေးနီးယားပြည်နယ်ရှိ ဘုရားရှိခိုးကျောင်းတစ် ကျောင်းတွင် AR-15 ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားသော စုံတွဲရာချီစုပေါင်း၍ ထပ်မံလက်ထပ်ကတိသစ္စာပြုပွဲကျင်းပပြီး ၎င်းတို့၏ လက်နက်များကိုလည်း ကောင်းချီးမင်္ဂလာ ခံယူစေခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ် မြို့နယ် ကျိုင်းတုံ - တာချီလိတ်လမ်း မိုင်တိုင်အမှတ်(၆၉၇) အနီးတွင် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၂ နာရီခန့်က ခရီးသည်တင်ယာဉ်ကို သေနတ်ဖြင့်ပစ်သည့် ပြည်သူ့စစ်အဖွဲ့ဝင်ကို ဖမ်းမိကြောင်း မိုင်းဖြတ်မြို့မ ရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲမှူးအောင်လင်းခိုင်က ပြောကြားသည်။
ဖလော်ရီဒါ စာသင်ကျောင်းတစ်ခုတွင် ၁၇ ဦးသေဆုံးခဲ့သော ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း သေနတ်ပိတ်ပင်မှုကို ထောက်ခံမည်မဟုတ်ဟု အမေရိကန်တစ်မျိုးသားလုံးဆိုင်ရာ ရိုင်ဖယ်အသင်း NRA က ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဖလော်ရီဒါပြည်နယ် စာသင်ကျောင်း သေနတ်ပစ်ခတ်ခံရမှုတွင် သေဆုံးသွားသူများ၏ ဆွေမျိုးများ၊ အသက်ဘေးမှ လွတ်မြောက်ခဲ့သူများနှင့် တွေ့ဆုံရာ၌ ဆရာ၊ ဆရာမများအား သေနတ်ကိုင်ဆောင်ခွင့်ပြုမည့်ကိစ္စကို အလေးအနက်ထားပြီး စဉ်းစားသွားမည်ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အသိပေးပြောကြားလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
ကွမ်းခြံကုန်းမြို့နယ်၊ ကန်လျားရှည်ကျေးရွာတွင် ဇန်နဝါရီလ ၂၈ ရက် နံနက် ၇ နာရီခွဲက အမျိုးသမီးနှစ်ဦးကို ဓားမဖြင့်ခုတ်၊ တုတ်နှင့်ရိုက်နှက်သော အမျိုးသားတစ်ဦးကို Pump Action သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
တာချီလိတ်မြို့ မကာအိုခမ်းရပ်ကွက် နယ်စပ်ချောင်းရေဆိပ်အနီးတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက အမျိုးသားတစ်ဦးထံမှ သေနတ်နှစ်လက် ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
လက်နက်နှင့် မူးယစ်ဆေးဝါးများ တွေ့ရှိမှုကြောင့် ဖမ်းဆီးခံထားရသည့် ဦးဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သည့် နေပြည်တော် ဟိုတယ် ACE တွင် အောက်တိုဘာလ ၁၇ ရက်နေ့က လက်နက် ကိုးလက်နှင့် ကျည်ဆန်၊ ကျည်အိမ်များ ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။