News

POST TAGGED AS

သေနတ်

စစ်ကိုင်းတိုင်း ကသာမြို့နယ်ရှိ ကသာမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇူလိုင်လ ၂ ရက် နံနက် ၁၁ နာရီ ခန့်က လိုင်းခန်းတွင် သေနတ်ဖြင့် အဆုံးစီရင်ခဲ့ကြောင်း ကသာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ရှမ်းပြည်​နယ်​မြောက်ပိုင်း၊ သီ​ပေါမြို့နယ်​​၊ ရေပူကြံခင်းကျေးရွာရှိ ထမင်းဆိုင်​တစ်ဆိုင်တွင်​ ဇွန်လ ၁၅ ရက်နေ့ ညပိုင်းက ဆိုင်​ရှင်​လင်မယားနှစ်ဦး သေနတ်​ဖြင့် အပစ်​ခံရသဖြင့် ​သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းပိုင်း၊ ကျောက်မဲမြို့နယ်၊ မန်တန်ကျေးရွာအနီးတွင် ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက နွားတင်မော်တော်ယာဉ်တစ်စီး သေနတ်ဖြင့်အပစ်ခံရ၍ လူနှစ်ဦးဒဏ်ရာရရှိခဲ့ပြီး နွားနှစ်ကောင်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တရားရုံးအချုပ်မှ ထွက်ပြေးလွတ်မြောက်သွားသော တရားခံပြေး အမျိုးသားတစ်ဦးကို ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ၁၂ ဗို့ ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ဝိန်းလိတ်ကျေးရွာတွင် မေလ ၂၉ ရက် ညပိုင်းက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက တူမီးသေနတ်ဖြင့်ပစ်၍ ရွာသားတစ်ဦး သေဆုံးခဲ့ကြောင်း မိုင်းဆတ်မြို့မရဲစခန်းထံမှ သိရသည်။
ဆရာ၊ ဆရာမများကို သေနတ်ကိုင်ဆောင်ခွင့်ပေးခြင်းက ကျောင်းသားကျောင်းသူများကို ပစ်မှတ်ထားတိုက်ခိုက်သည့် သေနတ်သမားများအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အစိုးရအရာ ရှိတစ်ဦးကပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာရှိ နေအိမ်တစ်ခုတွင် မေလ ၂၀ ရက်နေ့ နံနက်က အိပ်ပျော်နေသည့် မိသားစုသုံးဦး သေနတ်ဖြင့် အပစ်ခံရ၍ ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
သေနတ်ကိုင်ဆောင်မှုအပေါ် ဖြေလျှော့ခွင့်ပြုပေးသည့် ဥပဒေများနှင့်သာဆိုလျှင် ၂၀၁၅ ခုနှစ်က ပါရီအကြမ်းဖက်မှုမျိုးကို ဟန့်တားနိုင်မည်၊ လန်ဒန်တွင်လည်း သေနတ်ကိုင်ဆောင်ခွင့် ကန့်သတ်ထားသောကြောင့် ဓားထိုးမှုများ ဆက်တိုက်ဖြစ်နေသည်ဆိုသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မှတ်ချက်များအပေါ် ပြင်သစ်နှင့်ဗြိတိန်တွင် မကျေမနပ်ဝေဖန်မှု များရှိနေသည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
ဈေးသည်များထံမှ မိုက်ကြေးခွဲဆက်ကြေးကောက်ခံနေသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးစဉ် အသာတကြည် အဖမ်းမခံဘဲ ၁၄ နှစ်အရွယ် လူငယ်တစ်ဦး၏ လည်ပင်းကို ဓားဖြင့်ထောက်၍ ထွက်ပြေးရန် ကြံရွယ်သည့် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အမေရိကန်နိုင်ငံတစ်ဝန်းရှိ ကျောင်းပေါင်း ၂၇၀၀ ကျော်မှ သိန်းချီသည့် ကျောင်းသားကျောင်းသူများသည် ဧပြီလ ၂၀ ရက်နေ့တွင် ကျောင်းမှ ထွက်ခွာဆန္ဒပြပွဲများ တစ်ပြိုင်နက်ပြုလုပ်ခဲ့ကြပြီး ပိုမိုတင်းကျပ်သော သေနတ်ထိန်းချုပ်ရေး ဥပဒေများပြဋ္ဌာန်းပေးရန်၊ ကျောင်းတွင်းပစ်ခတ်မှုများမှ ဟန့်တားနိုင်ရေးပိုမို အလေးထားဆောင်ရွက်ရန် တောင်းဆိုခဲ့ကြကြောင်း DW သတင်းဌာနက ဖော်ပြသည်။