News

POST TAGGED AS

သေဆုံးမှု

လင်မယားစကားများရာမှ ဇနီးဖြစ်သူ ပိုးသတ်ဆေးသောက်သေဆုံး

မိတ္ထီလာ၊ စက်တင်ဘာ ၆

မန္တလေးတိုင်း မလှိုင်မြို့နယ်တွင် လင်မယားချင်းစကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူသည် ပိုးသတ်ဆေးသောက်ကာ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁ နာရီခွဲခန့်က သေဆုံးခဲ့ကြောင်း မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံထံမှ သိရသည်။ 

သေဆုံးသူမှာ ဝမ်းတွင်းမြို့နယ် အင်းယင်းကျေးရွာမှ အသက် ၂၄ နှစ် အရွယ် ဒေါ်လှလှမြင့်ဆိုသူဖြစ်ပြီး ၎င်းသည် စက်တင်ဘာ ၅ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က မလှိုင်မြို့နယ် မြောက်ကုန်း ကျေးရွာနေ အသက် ၂၅ နစ်အရွယ် ခင်ပွန်းဖြစ်သူ ဦးမြင့်သူနှင့် ထမင်းဝိုင်းတွင် စကားများရန်ဖြစ်ကာ အိပ်ရာဝင်ခဲ့ကြောင်း၊ ဦးမြင့်သူသည် မီးစက်ပိတ်၍ ည ၉ နာရီခွဲခန့်အချိန်၌ အိပ်ရာဝင်ခဲ့ကြောင်း၊ ယင်းအချိန်မှစ၍ ဒေါ်လှလှမြင့်သည် အော့အန်ခြင်း၊ ဝမ်းသွားခြင်းများဖြစ်နေ၍ ည ၁၁ နာရီခွဲခန့်တွင် မလှိုင်ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 

ဒေါ်လှလှမြင့်သည် ခင်ပွန်းဖြစ်သူနှင့် ရန်ဖြစ်ပြီး အိပ်ရာဝင်ခဲ့စဉ်အချိန်က မြေအောင်း ပိုးသတ်ဆေးသောက်ခဲ့သည်ဟု သိရကြောင်း ခင်ပွန်းဖြစ်သူ ဦးမြင့်သူ၏ ပြောကြားချက်ကို ကိုးကား၍ ရဲမှတ်တမ်း၌ ဖော်ပြထားသည်။ 

ထို့ကြောင့် ဒေါ်လှလှမြင့်သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သိရှိနိုင်ရေးအတွက် နှောကန် နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၈) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ စုံစမ်းသိရသည်။  

R-01



FOLLOW US