News

POST TAGGED AS

သေဆုံးမှု

ခြောက်ထပ်တိုက် ခေါင်မိုးပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး
ရန်ကုန်၊ ဇွန် ၁၄

လသာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ၂၁ လမ်းတွင် ဇွန်လ ၁၃ ရက် နံနက် ၈ နာရီခွဲက ခြောက်ထပ်တိုက် ခေါင်မိုးအပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တိုက်အမိုးပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် အသက် ၂၂ နှစ် အမျိုးသားမှာ ယင်းအဆောက်အအုံရှိ မြေညီထပ်တွင် နေထိုင်သူဖြစ်ပြီး ခြောက်ထပ်တိုက် ခေါင်မိုးပေါ်တွင် တပ်ဆင်ထားသည့် စလောင်းကြိုးမှာ ပြုတ်ထွက်နေသဖြင့် ခေါင်မိုးပေါ်တက်ပြီး ကြိုးကို ပြန်တပ်ဆင်စဉ် ခြေချော်၍ နောက်ဖေးလမ်းကြားသို့ ပြုတ်ကျခဲ့ကြောင်း ရဲအရာရှိက ပြောသည်။

ခြောက်ထပ်တိုက် ခေါင်မိုးပေါ်မှ နောက်ဖေးလမ်းကြားသို့ ပြုတ်ကျခဲ့သည့် အမျိုးသားမှာ ဖူးရောင်ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သော်လည်း ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်က သေဆုံးခဲ့သောကြောင့် လသာမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၇ / ၁၈ ဖြင့် ရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US