News

POST TAGGED AS

ရေကြီး

03-Sep-2018 tagged as ရေကြီး Disaster
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လားရှိုး- နမ္မတူလမ်းပေါ်ရှိ အီနိုင်းကျေးရွာတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး နေအိမ်များ ရေဝင်ရောက်နေခြင်းကြောင့် နေအိမ် ၂၈ လုံးမှ လူတစ်ရာကျော်သည် အီနိုင်း ကျေးရွာဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ ခိုလှုံနေရကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်နီးပါးဖြစ်ပေါ်နေသော ရေကြီးရေလျှံမှု ဘေးဒုက္ခဆိုးများ လျော့နည်းပပျောက်စေရေးအတွက် လိုအပ်သောစီမံကိန်းများကို နည်းလမ်းပေါင်းစုံဖြင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က တိုက်တွန်းကြောင်း အဆိုတင်သွင်းသည်။
မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ဩဂုတ်လ ၁၂ ရက်က ရေဝင်ရောက်မှုကြောင့် အိမ်၃၇ လုံး ပျက်စီးခဲ့ပြီး အလှပ်တိုက်နယ် ဆေးရုံတွင် ရေဝင်သဖြင့် လူနာများကို ရွှေ့ပြောင်းကာ ဆေးရုံပိတ်ထားရကြောင်း အလှပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းတင်က ပြောကြားသည်။
ရန်ကုန်မြို့တွင် ဩဂုတ် ၁၂ ရက်က ထူးကဲဒီရေမြင့်တက်မှုကြောင့် ရန်ကုန်မြို့ နေရာအနှံ့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်တွင် နေထိုင်သည့် ပြည်သူများထံမှ သိရသည်။
မြန်မာပြည်အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများကြောင့် ဒုက္ခရောက်ခဲ့ကြသည့် ရေဘေးသင့်ပြည်သူများကိုကူညီနိုင်ရန် မန္တလေးနှင့် အနီးတစ်ဝိုက်ဒေသများမှ ပန်းချီဆရာများ စုပေါင်း၍ ကျုံးနံဘေးလူထုဧရိယာတွင် ပန်းချီရေးဆွဲကာ ရန်ပုံငွေရှာလျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ကျော်လွန်နေပြီး လူနေအိမ်များအတွင်း ရေများဝင်ရောက်လာသဖြင့် ပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စု ၆၆ စုအထိ ရှိလာကြောင်း ကလေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။
07-Aug-2018 tagged as ရေကြီး လယ်ယာ
မနှစ်က အရစ်ကျဖြင့် ဝယ်ထားသည့် ထွန်စက်ကို အရစ်ကျပေးသွင်းမှု မပြီးဆုံးမီ ပိုင်ရှင်သစ်ထံ လက်လွှဲရတော့မည့်အရေးသို့ ဆိုက်ရောက်နေလေပြီဟု ဦးမြင့်ကျော်က ညည်းတွားလိုက်လေသည်။
04-Aug-2018 tagged as ရေကြီး
တကယ်ပျော်ရမှာကတော့ အစိုးရဖြစ်သည်။ အခုက ဒီမိုကရေစီခေတ်မဟုတ်လား။ ပြည်သူတွေပေးသည့် မဲနှင့်အစိုးရဖွဲ့ရခြင်းဖြစ်သည်။ ဒီတော့ ပြည်သူတွေ မဲပေးအောင်လုပ်ဖို့လိုသည်။ ဒါကြောင့် မဲတွေဆွယ်ကြရသည်။ အခုလို ရေဘေးဖြစ်လျှင်တော့ ထွေထွေထူးထူး မဲဆွယ်စရာမလိုတော့။ ရေဘေးကူတာကိုက မဲဆွယ်ပွဲပဲဖြစ်သည်။ ကိုယ့်ပိုက်ဆံနဲ့တောင် မဲဆွယ်စရာမလို။ အစိုးရဖြစ်နေချိန်ဆို အစိုးရပိုက်ဆံနဲ့ မဲဆွယ်ရုံပင်။
ရန်ကုန်မြို့တွင် ဩဂုတ် ၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့နေရာအနှံ့ရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်တွင် နေထိုင်သည့်ပြည်သူများထံမှ သိရသည်။
ပဲခူးတိုင်း အရှေ့ခြမ်း ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေရသည့် ရွှေကျင်နှင့် မဒေါက်မြို့များအနက် မဒေါက်မြို့ စစ်တောင်းမြစ်ရေကာတာသည် ထိုပိုကျေးရွာအနီး ကျိုးပေါက်ခဲ့သော်လည်း တာဝန်ရှိသူများက သတင်းကို ထိမ်ချန်ထားခဲ့ကြောင်း မဒေါက်မြို့နယ် NLD ပါတီမှ ဒေါက်တာ ခင်ယမင်းစုက ပြောကြားသည်။