News

POST TAGGED AS

ရွေးကောက်ပွဲ

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်တွင် စစ်အစိုးရဆန့်ကျင်ရေးအင်အားစုများက အစိုးရရုံးရှိရာသို့ ချီတက်ဆန္ဒပြပြီးလာမည့် နိုဝင်ဘာလ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရေးတောင်းဆိုရန် စီစဉ်ခဲ့ကြရာ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအာဏာပိုင်များက အဟန့်အတားများချကာ ပိတ်ဆို့ခဲ့ကြကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
ယခင်မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ နေအိမ်ကို မေလ ၁၆ ရက်နေ့ ညက ရဲတပ်ဝင်များ ဝင်ရောက်စီးနင်းပြီး ရှာဖွေသိမ်းဆည်းမှုများ ဖြစ်ပွားခဲ့သည်။ တစ်ညလုံးနီးပါးရှာဖွေမှုသည် နာဂျစ်နှင့် ဆက်စပ်နေသည့်နေရာ ငါးနေရာဖြစ်ပြီး မိုးလင်းမှ ရှာဖွေမှု ပြီးဆုံးသွားခဲ့သည်။ မလေးရှားရဲတပ်ဖွဲ့က လက်ဆွဲအိတ်ကြီးများနှင့် အခြားထုပ်ပိုးထားသည့် ပစ္စည်းသေတ္တာကြီးများကို သိမ်းဆည်းပြီး ယူဆောင်သွားကြသည်။
အီရတ်ရွေးကောက်ပွဲတွင် အမေရိကန်ကို ကာလရှည်ကြာ ဆန့်ကျင်ခဲ့သူ၊ အီရတ်တွင် အီရန်ဩဇာလွှမ်းမှုကို ဆန့်ကျင်သူ လူကြိုက်များ တရားဟောဆရာ မွတ်တာဒါအယ်လ်ဆာဒါး၏ နိုင်ငံရေးပါတီက အနိုင်ရသွားသည်ဟု ရွေးကောက်ပွဲကော်မရှင်က စနေနေ့တွင် ထုတ်ပြန်ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အဂတိလိုက်စားသည်ဟု စွပ်စွဲခံထားရသူ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို မကြာသေးခင်က ကျင်းပသည့်သမိုင်းဝင် ရွေးကောက်ပွဲ၌ အနိုင်ရယူခဲ့သည့် ဒေါက်တာ မဟာသီယာ မိုဟာမက်က ၎င်းအနေနှင့် မလေးရှားဝန်ကြီးချုပ်တာဝန်ကို တစ်နှစ် သို့မဟုတ် ၂ နှစ်ခန့် ထမ်းဆောင်သွားမည်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Bangkok Post သတင်းစာက Reuters သတင်းကို ကိုးကားဖော်ပြသည်။
အီတလီညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ဆွေးနွေးမှုများ မအောင်မြင်သောကြောင့် ရွေးကောက်ပွဲသစ်ပြန်ခေါ်ရန် သို့မဟုတ် ယခုနှစ်ကုန်မတိုင်မီအထိ ပါတီစွဲမပါသည့် အိမ်စောင့်အစိုးရတစ်ရပ် ဖွဲ့စည်းရန်ဟူ၍ ရွေးချယ်စရာနှစ်ခုသာ ရှိတော့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။
မလေးရှားတွင် အသက် ၉၂ နှစ်အရွယ် ဝါရင့်ခေါင်းဆောင်ဟောင်းက ပြန်လည်ဦးဆောင်သည်ကို တွေ့မြင်ရဖွယ်ရှိသော ရွေးကောက်ပွဲကို မဲပေးရန် နီးကပ်လာပြီဟု BBC သတင်းတွင် ဖော်ပြထားသည်။
၈၈ မျိုးဆက် ကျောင်းသားဟောင်း အများစုဖြင့် ဖွဲ့စည်းထားသည့် ရှစ်လေးလုံးပါတီကို အမည်ပြောင်းလဲရန် မတ်လ ၃၁ ရက်က ကျင်းပခဲ့သော ပါတီဖြစ်မြောက်ရေး ဗဟိုကော်မတီ အစည်းအဝေးက အကြမ်းဖျင်း ဆုံးဖြတ်ခဲ့ကြောင်း ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ကိုမင်းဇေယျက ပြောကြားသည်။
တနင်္ဂနွေနေ့က ရုရှားသမ္မတရွေးပွဲတွင် ဗလာဒီမာပူတင်က ထောက်ခံမဲ ၇၆ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိသွားသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
မတ်လ ၄ ရက်နေ့က ကျင်းပခဲ့သော အီတလီလွှတ်တော် ရွေးကောက်ပွဲများတွင် အာဏာရ ဗဟိုလက်ဝဲယိမ်း ဒီမိုကရက်တစ်ပါတီမှာ တတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့ပြီး မဲအများစုမှာ လက်ယာယိမ်းများဘက်သို့ ရောက်ရှိသွားခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။
အီတလီနိုင်ငံတွင် ရွေးကောက်ပွဲနီးကပ်လာသည့်အတွက် နိုင်ငံတစ်လွှား မဲဆွယ်မှုများကို လူထုစည်းဝေးပွဲများဖြင့် အပြီးသတ်လိုက်ကြပြီဟု DW သတင်းတွင် ဖော်ပြထားသည်။