News

POST TAGGED AS

မွေးမြူရေး

ပြည်ပမှတင်သွင်းရသည့် မွေးမြူရေး အစာကုန်ကြမ်းဈေးနှုန်းများ လက်ရှိအချိန်အထိ ဆက်လက်မြင့်တက်နေသောကြောင့် မွေးမြူရေးသမားများ ကုန်ကြမ်းဈေးနှင့် ကုန်ချောဈေး တွက်ခြေမကိုက်ကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်များက ပြောကြားသည်။
မြန်မာနိုင်ငံရှိ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ထိုင်းနိုင်ငံက ဘတ်ငွေ ၃၄ ဒသမ ဝ၂၂ သန်း ထောက်ပံ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
နွားစားကျက်မြေနှင့် အစာရှားပါးလာသည့်အတွက် မြေလွတ်၊ မြေရိုင်းများနှင့် မွေးမြူရေးဇုန်များ ပြုလုပ်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုထားကြောင်း မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
မွေးမြူရေးလုပ်ငန်းများတွင် အသုံးပြုသည့် ဖွဲနုနှင့် ပြောင်းကုန်ကြမ်းများ ရှားပါး၍ ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်များက ပြောကြားသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် အခွင့်အလမ်း၊ စိန်ခေါ်မှု၊ အလားအလာနှင့် ရေရှည်ရပ်တည်နိုင်ရန် ဟောပြောဆွေးနွေးပွဲများပါဝင်သည့် နိုင်ငံတကာမွေးမြူရေးနှင့် စိုက်ပျိုးရေးပြပွဲကို မန္တလေးမြို့တွင် တတိယအကြိမ်မြောက် ကျင်းပလျက်ရှိသည်။
ပြည်တွင်းရှိ ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်ရှိအစိုးရကာလအတွင်း ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များ ချပြလမ်းညွှန်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနထံ တင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။
ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းနှင့်ပြည်နယ်အားလုံးရှိ တရားမဝင် ငါး၊ ပုစွန် မွေးမြူရေးကန်များကို တရားဝင်ဖြစ်ရန် ဆောင်ရွက်ပေးမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားထားကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဝက်သားပေါက် မွေးမြူထုတ်လုပ်သည့်လုပ်ငန်းကို ကိုရီးယားနိုင်ငံမှ Katec in Myanmar Co., Ltd. က လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ယခု ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်းများ စတင်လုပ်ကိုင်မည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနထံမှ သိရသည်။
ပြည်တွင်း၌ အသားစား ကျွဲ၊ နွားများ မွေးမြူနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှ ကျွဲ၊ နွား တိရစ္ဆာန် မွေးမြူရေးပညာရှင်များ၏ အကူအညီဖြင့် လိုအပ်သည့်နည်းပညာများ ဖြန့်ဖြူးပေးလျက်ရှိကြောင်း အမေရိကန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) ၏ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Farmer to Farmer Program ထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖြစ်လာသည့် ရေချိုငါးမွေးမြူရေး သုတေသနစင်တာနှင့် တိုးချဲ့ပညာပေးရေး ဗဟိုဌာနကို တောင်ကိုရီးယားနိုင်ငံ (Korea International Corporation Angency) က မြန်မာအစိုးရထံသို့ ဇန်နဝါရီလ ၁၉ ရက်နေ့က လွှဲပြောင်းပေးခဲ့သည်။