News

POST TAGGED AS

မော်တော်ယာဉ်

04-Sep-2018 tagged as မော်တော်ယာဉ်
ဒဏ်ကြေးမလျှော့သည့်အတွက် ဆိပ်ကမ်းများမှမထုတ်ဘဲ ထားသည့် ရန်ကုန်ဆိပ်ကမ်းနှင့် မြဝတီကုန်သွယ်ရေးဇုန်တို့ရှိ Delivery Van ယာဉ်များကို စက်တင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထား၍ မထုတ်ယူပါက သိမ်းဆည်းမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်သည်။
မြဝတီနယ်စပ်မှတစ်ဆင့် တင်သွင်းထားပြီး ဒဏ်ကြေးတပ်ရိုက်ထားသည့် Delivery Van များမှ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် စက်တင်ဘာ လ ၁ ရက်နေ့အထိ ယာဉ်မစစ်ရသေးသည့် ယာဉ်များကို သိမ်းဆည်းမည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
ရန်ကုန်မြို့တွင်း၆ မြို့နယ်အတွင်းရှိ ယာဉ်ရပ်နားကန့်သတ်ဇုန် ၈ ခုတွင် ယာဉ်ရပ်နားခ ကောက်ခံခြင်းလုပ်ငန်းများကို ယခုနှစ်အောက်တိုဘာလမှ စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မော်တော်ယာဉ်များတွင် မူသေ အမှတ်များ ရယူထားသော်လည်း ယာဉ်မှတ်ပုံတင် အခငွေများကို ယခုကြေညာချက်ထုတ်ပြန်သည့် ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ တစ်လအတွင်း အပြီးပေးသွင်းရန်နှင့် ပေးသွင်းခြင်းမရှိသည့် ယာဉ်အစီးရေ ၁၉၀၀ ကျော်ကို အရေးယူမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင်ထားသူများ ကညန(ရန်ကုန်တိုင်း)ကို လာရောက်အပ်နှံရန် ကြေညာခဲ့သည့် အချိန်မှစ၍ နှစ်လကျော်အတွင်း လိုင်စင်အတု ၃၀ ခု လာရောက်အပ်နှံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံ မြို့တွင် ဩဂုတ်လပထမပတ်မှစတင်၍ စည်ပင်သာယာနယ်နိမိတ်အတွင်း အဖုံးအအုပ်များမပါဘဲ စည်းကမ်းမဲ့မောင်းနှင်သည့် အုတ်သဲကျောက်နှင့် မြေသယ်ယာဉ်များကို ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွန်းက ပြောကြားသည်။
24-Jul-2018 tagged as မော်တော်ယာဉ်
မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီက Delivery Van ယာဉ်များအပေါ် သတ်မှတ်ထားသည့် ဒဏ်ကြေး သတ်မှတ်ချက်ကို မကျေနပ်သည့်အတွက် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းအတွင်းရှိ တာမွေဟစ်တိုင်၌ ဇူလိုင်လ ၂၄ ရက်နေ့က ယင်းကားတင်သွင်းထားသူ ၅၀ ဦးခန့် ဆန္ဒပြခဲ့ကြသည်။
24-Jul-2018 tagged as မော်တော်ယာဉ်
မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း (MAMDA) ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကတော့ The Voice Daily ၏ ရန်ကုန်လိုင်စင် ကိစ္စနှင့်ပတ်သက်၍ မေးမြန်းသည်ကို “ဂျပန်ကားတွေ ရန်ကုန်လိုင်စင်ရဖို့မရဖို့ လုပ်ဆောင်ဖို့ထက် အဲဒီလိုင်စင်ပေးဖို့ကိစ္စက ဘယ်ဆီနေမှန်းတောင်မသိဘူး”ဟု ၎င်းက ဆိုသည်။
ကားနဲ့ပတ်သက်လို့ လုပ်ငန်းလုပ်မယ်ဆိုရင် လုပ်ငန်းလိုင်စင်အမျိုးအစား ငါးခုရှိပါတယ်။ အဲဒါတွေကတော့ “က”၊ “ခ”၊ “ဂ”၊ “ဃ” နဲ့ “င” ဆိုပြီးဖြစ်ပါတယ်။
ပဲခူးတိုင်းအတွင်းရှိ ဘုန်းကြီးနှင့် လူမှုရေးအသင်းများ ပိုင်ဆိုင်သည့် လိုင်စင်မဲ့ မော်တော်ယာဉ်များကို ယင်းတိုင်းအစိုးရ အဖွဲ့ဆုံးဖြတ်ချက်အရ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း မြို့နယ်သံဃနာယကအဖွဲ့က ထုတ်ပြန်သည်။