News

POST TAGGED AS

ပေါက်ကွဲမှု

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်မြောင်းကျေးရွာအနီး ထွန်းရာဇ သတ္တုတွင်း တူးဖော်ရေးကုမ္ပဏီလီမီတက် ကျောက်မီးသွေးတွင်းတွင် စက်တင်ဘာလ ၆ ရက် နံနက် ၁၀ နာရီက ပေါက်ကွဲမှုဖြစ်၍ တွင်းပြိုကျပြီး အလုပ်သမား (၃) ဦး သေ (၁) ဦး ဒဏ်ရာရရှိပြီး (၅) ဦး ပိတ်မိနေသည်ဟု ဆောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာတွင် ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ဂက်စ်မီးဖိုပေါက်ကွဲမှုကြောင့် လူလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်သန်းကျော်ဌေးက ပြောကြားသည်။
လှိုင်မြို့နယ်၊ ပြည်လမ်း ခြောက်မိုင်ခွဲအနီးရှိ MarketPlace ဈေးဝယ်စင်တာ ပထမထပ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ အလုပ်သမားခေါင်းဆောင် အမျိုးသားတစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၂၈၆/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
အပန်းဖြေဇိမ်ခံသင်္ဘောများက ဟာဝိုင်ယီကျွန်းမကြီးတွင် ရပ်နားမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြသည်။ ဟိုတယ်များသည်လည်း ဈေးလျှော့ထားသည့်တိုင် ယခုနှစ်နွေရာသီတွင် နေရာလွတ်များစွာရှိနေသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းတွင် M 150 အချိုရည်ပုလင်းများကို အသုံးပြုဖောက်ခွဲမှု ကျူးလွန်သည်ဟုဆိုကာ တရားစွဲဆိုစစ်ဆေးနေသည့် အမှုကို ဧပြီလ ၂၅ ရက်နေ့တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးထံမှ စုံစမ်းသိရသည်။
စစ်တွေမြို့တွင် ချိန်ကိုက်မိုင်း သုံးလုံးပေါက်ကွဲမှုကြောင့် သံသယရှိသည်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးအပါအဝင် အမျိုးသားလေးဦးကိုဖမ်းဆီးပြီး ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲက မြို့နယ်တရားရုံးတွင် ရုံးထုတ်ကာ ချုပ်ရမန် ရယူစစ်ဆေးနေကြောင်း ဖမ်းဆီးခံရသူများထံမှ သိရသည်။
လားရှိုးမြို့ပေါ်ရှိ ရိုးမဘဏ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် နယ်ဒေသများရှိ ဘဏ်ခွဲများကို လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ရန် ဘဏ်ရုံးချုပ်များက ညွှန်ကြားထားကြောင်း ပုဂ္ဂလိကဘဏ်အချို့ထံမှ စုံစမ်းသိရှိရသည်။
လားရှိုးမြို့ မြို့တော်ခန်းမအနီး မင်းလမ်းနှင့် ရွှေဘိုလမ်းထောင့်ရှိ ရိုးမဘဏ် (၁) တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က ချိန်ကိုက်ဗုံး တစ်လုံးပေါက်ကွဲခဲ့ရာ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ စက်မှုဇုန် (၇)၊ ဆိပ်ကမ်းသာလမ်းရှိ သင်္ဘောကျင်းဝင်းအတွင်းတွင် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ပြုပြင်နေသော Family Win ကုမ္ပဏီပိုင် ကုန်တင်သင်္ဘောတစ်စင်း ပေါက်ကွဲမှုဖြစ်ခဲ့ရာ အလုပ်သမားတစ်ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ရေထွက်ကျေးရွာအနီးရှိ ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခု၌ ဇန်နဝါရီ လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ယမ်းပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သပိတ်ကျင်းမြို့မရဲစခန်းထံမှ သိရသည်။