News

POST TAGGED AS

ဒေါ်နယ်ထရမ့်

မူးယစ်ဆေးဝါး အလွဲသုံးမှု ပျံ့နှံ့နေခြင်းကို တိုက်ဖျက်မည့် အစီအစဉ်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တင်ပြသွားမည်ဖြစ်ပြီး မူးယစ်မှောင်ခိုများကို သေဒဏ်ပေးနိုင်ရေးလည်း ကြိုးပမ်းသွားမည်ဖြစ်သည်ဟု AFP သတင်းက ဖော်ပြသည်။
ဩစတြေးလျနိုင်ငံ ဆစ်ဒနီတွင် သုံးရက်ကြာ စည်းဝေးခဲ့ကြသော အရှေ့တောင်အာရှ နိုင်ငံ့ခေါင်းဆောင်များက လုံခြုံရေးမှသည် ကုန်သွယ်ရေးအထိ ကျယ်ပြန့်သော အကြောင်းအရာများနှင့်ပတ်သက်၍ ပူးတွဲကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်ကို ရာထူးမှဖယ်ရှားကာ ၎င်း၏နေရာတွင် စီအိုင်အေ(CIA) ညွှန်ကြားရေးမှူး မိုက်ပွန်ပီအိုကို အစားထိုးခန့်အပ်လိုက်ကြောင်း New York Times သတင်းစာက ရေးသားဖော်ပြသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ချက်ကို CIA ညွှန်ကြားရေးမှူး မိုက်ပွမ်ပေယိုက ခုခံကာကွယ်သွားခဲ့ပြီး သမ္မတသည် အရဲစွန့်ရမှုကိုနားလည်ထားသည်ဟု ပြောကြားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
ဂျေရုဆလင်တွင် အမေရိကန်သံရုံးသစ် ဖွင့်လှစ်သည့် အခမ်းအနားသို့ တက်ရောက်ရန် အစ္စရေးသို့ သွားရောက်ဖွယ်ရှိသည်ဟု သမ္မတထရမ့်က ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
သံမဏိနှင့် အလူမီနီယမ်သွင်းကုန်အပေါ် အခွန်စည်းကျပ်မည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစီအစဉ်ကြောင့် ကုန်သွယ်ရေးပဋိပက္ခ တင်းမာနေချိန်တွင် ဥရောပသမဂ္ဂ (EU) မှ ကားများကို အခွန်ကောက်မည်ဟုပါ ထရမ့်က ထပ်မံခြိမ်းခြောက်ခဲ့ကြောင်း ဂျာမနီသတင်းဌာန DW က ဖော်ပြသည်။
ဂျာမနီနိုင်ငံတွင် ဒေါ်နယ်ထရမ့်ကို သဘောကျသူ နည်းပါးလှသော်လည်း အမေရိကန်တွင်မူ မာကယ်လ်အပေါ် အကောင်းမြင်သူများကြောင်း စစ်တမ်းတစ်ခုကို ကိုးကား၍ DW သတင်းဌာနက ဖော်ပြသည်။
နိုဘယ်လ်ဆုအတွက် အမေရိကန်သမ္မတထရမ့်၏အမည်ကို လိမ်လည်တင်သွင်းသည်ဟု ယူဆရသော အမည်တင်သွင်းမှုကို လက်ခံရရှိပြီးနောက် နော်ဝေးနိုဘယ်လ်အင်စတီကျုက ရဲသို့ တိုင်ကြားထားသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အနီးကပ်ဆုံးလက်ရုံးများအနက်မှ တစ်ဦးဖြစ်သူ အိမ်ဖြူတော်ဆက်ဆံရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဟုပ်ဟစ်သည် ရာထူးမှနုတ်ထွက်သွားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
အမေရိကန်နိုင်ငံသည် မြောက်ကိုရီးယားအပေါ် အကြီးကျယ်ဆုံး အရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။