News

POST TAGGED AS

ထောင်

မကွေးတိုင်း သရက်အကျဉ်းထောင်တွင် ဩဂုတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က အဆောင်ကူးသည့် အကျဉ်းသားကို မကူးရန်ပြောဆိုပြီး ဇက်ပိုးအုပ်ဆုံးမသည့် အကျဉ်းထောင် တပ်ကြပ်ကြီးကို အကျဉ်းသားက စည်သွတ်ဘူးသံပြားဖြင့် ပြုလုပ်ထားသည့် ဓားဖြင့် လည်ပင်းကို ထိုးသတ်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။
03-Jul-2018 tagged as ပြင်သစ် ထောင်
ပြင်သစ်နိုင်ငံ ပဲရစ်ဒေသတွင် ထောင်ကျသော နာမည်ကြီးဓားပြတစ်ဦးသည် ရဟတ်ယာဉ်ဖြင့် ထောင်ဖောက်ထွက်ပြေးခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။
သိမ်းပိုက်ခံထားရသော အနောက်ဘက်ကမ်းဒေသတွင် အစ္စရေးစစ်သားများကို ပါးရိုက်ခဲ့ခြင်းကြောင့် ဆန္ဒပြကန့်ကွက်မှု များ၏ ပြယုဂ်အဖြစ် ထင်ရှားလာခဲ့သော ပါလက်စတိုင်း ဆယ်ကျော်သက်မိန်းကလေးသည် ထောင်ဒဏ် ရှစ်လကျခံရမည်ဖြစ်ကြောင်း DW သတင်းဌာနကဖော်ပြသည်။
ဗီယက်နမ်တွင် နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးအဆင့် အာဏာရှိသူများအား ရုံးတင်စစ်ဆေးခဲ့ပြီးနောက် ကွန်မြူနစ်ပါတီ တာဝန်ရှိသူဟောင်းတစ်ဦးကို ၁၃ နှစ် ထောင်ဒဏ်ချမှတ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ပြင်သစ်ရှိ ထောင်သားများက ထောင်စောင့်များကို တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပေါ်ပြီးနောက် တစ်နိုင်ငံလုံးရှိ ထောင့်စောင့်များက သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်ဟု BBC သတင်းဌာနတွင်ဖော်ပြသည်။
ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားသူ လူငယ်များဖြစ်သည့် ဂျော့ရှ်ဝါဝေါင်၊ နေသန်လောနှင့် အဲလက်စ်ချူးတို့သည် ၂၀၁၄ ခုနှစ်က umbrella movement ဟုခေါ်သော ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့ခြင်းကြောင့် မနှစ်က ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းကို နောက်ဆုံးအကြိမ် အယူခံဝင်ရန် အင်္ဂါနေ့တွင် တရားရုံးသို့ ရောက်ရှိလာခဲ့သည်ဟု DeutshelWelle သတင်းတွင် ဖော်ပြထားသည်။
မန္တလေးမြို့တွင်း၌ သမီးရည်းစားစုံတွဲများကို အချိန်ပိုင်းဖြင့် ငှားရမ်းနိုင်ရန် ဖွင့်လှစ်ထားသည့် အလုံပိတ်တဲဖွင့်သူကိုးဦးကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စည်ပင်သာယာအထူးတရားရုံးက အလုပ်နှင့် ထောင်ဒဏ်ခြောက်လ ကျခံရန် အမိန့်ချခဲ့ကြောင်း စည်ပင်သာယာရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
တာချီလိတ်မြို့မရဲစခန်းမှ အချုပ်ထောင်ကိုဖောက်ကာ ထွက်ပြေးသူ ငါးဦးအနက် လွတ်မြောက်သွားသော နှစ်ဦးကို ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်တို့တွင် ပြန်လည်ဖမ်းမိခဲ့ကြောင်း ကျိုင်းတုံမြို့ရှိ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
တရားစီရင်ရေးအပေါ် မထီမဲ့မြင်ပြုမှုဖြင့် အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီနှင့် အခြား ၁၉ ဦးကို ကိုင်ရိုမြို့ရှိ ပြစ်မှုဆိုင်ရာ တရားရုံးတစ်ရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပြီး မော်စီကို အီဂျစ်ပေါင် ၂ သန်းပါ ငွေဒဏ်ချမှတ်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
ထိုင်းတရားရုံးတစ်ခုက လူလိမ်တစ်ဦးကို ထောင်ဒဏ်နှစ်ပေါင်း ၁၃,၀၀၀ ကျော် ချမှတ်လိုက်သည်ဟု BBV သတင်းတွင် ဖော်ပြထားသည်။