News

POST TAGGED AS

တောင်ငူ

22-Jan-2018 tagged as တောင်ငူ CB Bank
CB ဘဏ်ဥက္ကဋ္ဌ နာမည်သုံးပြီး ငွေချေးပေးမည်ဟုဆိုကာ တောင်ငူမြို့ ကံရိုးကျေးရွာနှင့်အနီးတစ်ဝိုက် ကျေးရွာများမှ ဒေသခံများထံ ငွေလိမ်လည်တောင်းယူသော အမျိုးသမီးကို ဘဏ်တာဝန်ရှိသူတစ်ဦးက တောင်ငူမြို့မရဲစခန်းတွင် ဇန်နဝါရီလ ၂၀ ရက်က အမှုဖွင့်ခဲ့သည်။
တောင်ငူမြို့နယ် ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်ဘုရားရှိ နောင်တော်စေတီ၏ ထီးတော်နှင့် စိန်ဖူးတော်ကို မူလဒါယကာမဖြစ်သော ရွှေနှင်းဆီ ဆေးပေါ့လိပ် ဒေါ်အုန်းခင်၏ မိသားစုဝင်များက ဦးဆောင်ကာ ဇန်နဝါရီလ ၁၈ ရက် နံနက်ပိုင်းက ပြန်လည်တင်လှူခဲ့သည်။
ယခုရက်ပိုင်းအတွင်း စပါးဈေးထက် ဆန်ဈေးနိမ့်နေသဖြင့် တောင်ငူ၊ နေပြည်တော်တစ်ဝိုက်ရှိ ဆန်စက်များအနေနှင့် စပါးကို ဈေးကွက်သို့တင်ပို့ရန် ဝယ်ယူကြိတ်ခွဲခြင်းထက် ပြင်ပဆန်စပါး ကြိတ်ခွဲခြင်း (နဝလီ) ကို အားကိုးနေရကြောင်း ဒေသတွင်း ဆန်စက်ပိုင်ရှင်များထံမှ သိရသည်။
14-Jan-2018 tagged as တောင်ငူ
ရေတာရှည်မြို့နယ် အမှတ် ၁ ရပ်ကွက်ရှိ ဘော်ဒါဆောင်တစ်ခုတွင် ဇန်နဝါရီလ ၁၁ ရက် ည ၉ နာရီခွဲက တက္ကသိုလ်ဝင်တန်း တက်ရောက်နေသော ၁၆ နှစ်အရွယ် ကျောင်းသူကို ဘော်ဒါဆောင်ပိုင်ရှင်က မဖွယ်မရာ လုပ်ဆောင်သည်ဆိုကာ ကျောင်းသူ၏ မိခင်က အမှုဖွင့်တိုင်ကြားထားကြောင်း ရေတာရှည်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာရှိ နတ်သံကွင်းဈေး မီးလောင်မှုနှင့်ပတ်သက်၍ မီးရှို့သူကို တစ်လကြာသည်အထိ မဖမ်းမိသေးကြောင်း နတ်သံကွင်း နယ်မြေရဲစခန်းထံမှ သိရသည်။
ပဲခူးတိုင်း​ဒေသကြီး ​ဖြူးမြို့နယ် ​အ​နောက်​​တောင်​ဘက်​ ၁၇ မိုင်​အကွာ ဗဟိုပြုလှုပ်​ခတ်​ခဲ့သည့်​ အင်​အား ရစ်​(ခ်​)တာစ​ကေး ၆ အဆင့်​ရှိသည့်​ ငလျင်​ဒဏ်​ကြောင့်​ ပဲခူးတိုင်းအ​ရှေ့ခြမ်းရှိ ဆည်​ ၇ ခု ထိခိုက်​ပျက်​​ဆီးမှုမရှိ​ကြောင်း လျှပ်​စစ်​ဓာတ်​အား ထုတ်​လုပ်​​ရေးလုပ်​ငန်းက ယ​​​နေ့ ထုတ်​ပြန်​သည်​။
တောင်ငူမြို့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်လျက်ရှိရာ ဇန်နဝါရီလ ၆ ရက်တွင် ကျင်းပသော အမှတ် ၂၁ ရပ်ကွက် ၂ လမ်းရှိ ဆယ်အိမ်စုမှူးရွေးချယ်ရာတွင် မှန်ကန်မှုမရှိဟုဆိုကာ ဒေသခံအချို့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံ တိုင်ကြားသည်။
ယခင်က ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကို မှေးမှိန်အောင် ပြုလုပ်ခံခဲ့ရသည့်အတွက် လူငယ်များအနေနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးကို သိရှိနားလည်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဗိုလ်ချုပ်ကြေးရုပ်တုများ စိုက်ထူဖွင့်လှစ်နေရခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။
04-Jan-2018 tagged as ပဲခူး တောင်ငူ
ပဲခူးတိုင်းရှိ တောင်ငူမြို့တွင် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ကာ ကွမ်းရွက်တစ်ပိဿာဈေး အဆမတန်မြင့်တက်ခဲ့သဖြင့် ကွမ်းယာဆိုင်အချို့ ပိတ်သိမ်းသွားကြောင်း ကွမ်းပွဲရုံနှင့် ကွမ်းယာဆိုင်ရှင်များထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျောက်တိုင်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာ ဘုရားကျောင်းတွင် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီခန့်က ကရင်ရိုးရာဟင်း စားသောက်ရာမှ ကလေးငယ်နှင့် လူကြီးအပါအဝင် လူ ၄၄ ဦးခန့် အစာဆိပ်သင့်ခဲ့ကြောင်း ကျောက်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။