POST TAGGED AS

ကျောင်းသား

အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်အနီး ထန်းတောရပ်ကွက်ရှိ အဆောင်များတွင်နေထိုင်သော တက္ကသိုလ်ကျောင်းသားနှစ်ဦးထံမှ မူးယစ်ဆေးဝါးများ စက်တင်ဘာလ ၁၄ ရက်နေ့ညက ဖမ်းမိခဲ့ကြောင်း အမရပူရမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပညာရေးကောလိပ်တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား အလုပ်ခန့်ထားရာတွင် ခွဲခြားဆက်ဆံခံနေရသည့်ကိစ္စကို တွေ့ဆုံညှိနှိုင်းဖြေရှင်းပေးရန် ထားဝယ်ပညာရေးကောလိပ် ကျောင်းသူကျောင်းသား တစ်ရာကျော်က စက်တင်ဘာလ ၁၂ ရက်တွင် ဆန္ဒပြတောင်းဆိုလိုက်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျောင်းသား၊ ကျောင်းသူများကို မကွေးနှင့် တောင်ကြီးဆေးတက္ကသိုလ်၌သာ တက်ခွင့်ပြုခဲ့ရာမှ ယခုနှစ်မှစ၍ ရန်ကုန်နှင့်မန္တလေး ဆေးတက္ကသိုလ်တို့၌ပါ တက်ခွင့်ပြုမည်ဖြစ်ပြီး ဘွဲ့ရလျှင် မိမိဒေသ၌ ၅ နှစ် မပျက်မကွက် တာဝန်ထမ်းရမည်ဖြစ်ကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။
အားကစားပစ္စည်းများနှင့် စာကြည့်တိုက်အတွက် လိုအပ်နေသည့် စာအုပ်များဖြည့်ဆည်းပေးရန် တနင်္သာရီတိုင်း အစိုးရအဖွဲ့ထံ စက်တင်ဘာလ ၆ ရက်က အကူအညီတောင်းခံလိုက်ကြောင်း နည်းပညာတက္ကသိုလ် (ထားဝယ်) ကျောင်းသားများသမဂ္ဂထံမှ သိရသည်။
ပုဇွန်တောင်မြို့နယ် အနော်ရထားလမ်း ၅၄ လမ်းထိပ်အနီးတွင် စက်တင်ဘာ ၆ ရက် နံနက် ၄ နာရီခန့်က ဆွမ်းချိုင့်သွားပို့သည့် တက္ကသိုလ်ဒုတိယနှစ် ကျောင်းသားတစ်ဦး ကားတိုက်ခံရမှုကြောင့် သေဆုံးခဲ့ရမှုတွင် သက်သေခံမော်တော်ယာဉ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပသည့်ကျောင်းတွင်း မိတ်ဆုံစားပွဲတစ်ခုတွင် လိင်အသားပေးကပြမှုဆန်ဆန် ကပြခဲ့သော အမျိုးသမီးစိတ်ပေါက်နေသူကျောင်းသားကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့က သတိပေးထားကြောင်း ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ပြောကြားသည်။
ပြည်တက္ကသိုလ်ပါမောက္ခချုပ် နုတ်ထွက်ပေးရေး ကျောင်းဝင်းအတွင်း ဆန္ဒပြမှုဦးဆောင်သော ကျောင်းသားမှအပြစ်ရှိကြောင်း ခံဝန်လက်မှတ်ထိုးစေရန် မိဘများပါ ဖိအားပေးခံနေရကြောင်း တရားစွဲခံထားရသည့် ကိုမြတ်မင်းထက်က ပြောကြားသည်။
အများပြည်သူဝေဖန်အကြံပြုနိုင်ရေး စာသင်ကျောင်းတိုင်းတွင် အကြံပြုစာပုံးထားရန် မူလကညွှန်ကြားခဲ့သော်လည်း ယခုအခါ ငွေကြေးကုန်ကျမှုသက်သာစေရန် ကျောင်းသား ၁၀၀၀ နှင့်အထက်ရှိသော ကျောင်းများ၌သာ ထားရှိရတော့မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက ပြောင်းလဲညွှန်ကြားလိုက်သည်။
အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ဒန်ဗာရှိကျောင်းတစ်ကျောင်းတွင် မိန်းမလျာဖြစ်သောကြောင့် အနိုင်ကျင့်ခံရမှုကို လေးရက်ကြာခံစားခဲ့ရသော ကိုးနှစ်အရွယ် ကျောင်းသားလေးသည် မိမိကိုယ်ကိုယ် သတ်သေသွားခဲ့ကြောင်း သူ၏မိခင်ဖြစ်သူ၏ ပြောကြားမှုကို ကိုးကား၍ BBC သတင်းဌာနက ဖော်ပြသည်။
ဂျပန်နိုင်ငံမှ တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် ၎င်းတို့ကျောင်းပိတ်ရက်တွင် မြန်မာနိုင်ငံသို့လာရောက်ပြီး လွှတ်တော်ကိုလေ့လာခဲ့ကြောင်း ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ပြောကြားသည်။