News

POST TAGGED AS

ကျောက်မီးသွေးတွင်း

ကျောက်မီးသွေးတွင်းပေါက်ကွဲမှု သေဆုံးသူထပ်တိုး


ချောက်၊ စက်တင်ဘာလ ၈

မကွေးတိုင်း ဆောမြို့နယ်မှ နှစ်မိုင်ခန့်အကွာ ကျောက်မြောင်းရွာအနီး ကျောက်မီးသွေးတွင်းပေါက်ကွဲ (ပြိုကျ) မှုတွင် သေဆုံးသူတစ်ဦးထပ်တိုးပြီး ၄ ဦး ပိတ်မိနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူများထံမှ သိရှိရသည်။

ထွန်းရာဇာသတ္တုတူးဖော်ရေးကုမ္ပဏီပိုင် ကျောက်မီးသွေးတွင်း စက်တင်ဘာ ၆ ရက်က ပေါက်ကွဲ (ပြိုကျ) မှုဖြစ်ရာ လုပ်သားသုံးဦးဆေးရုံသို့ပို့စဉ် နှစ်ဦးသေဆုံးခဲ့သည်။ စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်းက လုပ်သားတစ်ဦး သေဆုံးလျက်ထပ်တွေ့ခဲ့သည်။

သေဆုံးလျက်ထပ်တွေ့သူမှာ စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် ဝမ်းကြီးရွာမှ ကိုမျိုးခိုင် (၃၂ နှစ်ခန့်) ဆိုသူဖြစ်ပြီး ခန္ဓာကိုယ့်အနှံ့ အရေပြားစုတ်ပြဲဒဏ်ရာများဖြင့် သေဆုံးလျက်ထပ်တွေ့ခဲ့ခြင်းဖြစ်ကြောင်း ဆောရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

တွင်းအနက် ပေ ၃၀၀ ခန့်ရှိပြီး ပိတ်မိနေသည့် ကျန် ၄ ဦးကို လေတပ်၊ သတ္တုတွင်းဝန်ကြီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် ဆောမြို့ထွေ/အုပ်ရုံး၊ ကြက်ခြေနီတပ်ဖွဲ့မှ တွင်းအတွင်းသို့ လေပေးပိုက်များချပေးခြင်း၊ ရေစုပ်စက်များဖြင့် ရေစုပ်ယူခြင်းလုပ်ငန်းများ လုပ်ဆောင်နေသည်။

R-24



FOLLOW US