News

POST TAGGED AS

ဧရာဝတီမြစ်

ဧရာဝတီမြစ်အတွင်း တရားမ၀င်ငါးဖမ်းဆီးမှု ပပျောက်စေရန် တိုင်းအစိုးရအဖွဲ့အကူအညီ ရယူမည်
မန္တလေး၊ နိုဝင်ဘာ ၂၈

ဧရာဝတီမြစ်ကြောင်းအတွင်း တရားမ၀င်ငါးဖမ်းဆီးမှုများ ပပျောက်စေ ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အကူအညီရယူ၍ ကြပ်မတ် ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး  ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

"ဒီကိစ္စ (တရားမ၀င်နည်းနဲ့ငါးဖမ်း ဆီးခြင်း) တွေက အပြောများလာတယ်။  ဘက်ထရီရှော့ခ်တိုက်ဖမ်းတာမျိုးပေါ့။ ဒါ့ ကြောင့် အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ အကူအညီကိုရယူမှာပေါ့။ ကိုယ်တို့က မြို့ နယ်ဦးစီးမှူးလောက်ပဲ ပြောလို့ရတာကို။  ပူးပေါင်းပြီးတော့လုပ်မှရမယ်။ ဒီတစ်ပတ် ထဲမှာ အစိုးရကိုစာတင်မယ်။ အစိုးရလမ်း ညွန်ချက်ယူမယ်" ဟု မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှဝင်းက ပြောကြားသည်။

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး  ဧရိယာအတွင်း၌ လင်းပိုင်များသေဆုံးမှုများရှိနေကြောင်း၊ ယင်းသေဆုံးမှုများ သည် ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းခြင်း ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း၊ အဆိုပါ ဧရိယာအတွင်း ငါးလုပ်ငန်းဦးစီးဌာန၊ သားငှက်ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူများက လှည့်လည်စစ်ဆေးခြင်းများရှိ သော်လည်း အဖွဲ့ဝင်ငါးဦးခန့်က တစ်လ လျှင် နှစ်ကြိမ်ခန့် လုပ်ဆောင်နိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း  ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းဆီးရမိမှုများ အနေနှင့် ၂၀၁၄ -၂၀၁၅ ခုနှစ်အတွင်း ရှစ်မှု၊ တရားစွဲဆိုမှု တစ်ကြိမ်၊ ၂၀၁၅- ၂၀၁၆ ခုနှစ်တွင် ဖမ်းဆီးရရှိမှု ၁၆ ကြိမ်၊  တရားစွဲဆိုမှု နှစ်ကြိမ်နှင့် ၂၀၁၆ -၂၀၁၇  ဘဏ္ဍာနှစ် အောက်တိုဘာ ၂၆ ရက်နေ့ထိ  ဖမ်းဆီးမှု ၂၆ ကြိမ်နှင့် တရားစွဲဆိုမှု ခြောက်ကြိမ်ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန စာရင်းများအရ သိရသည်။

ဧရာဝတီမြစ်အတွင်း ဖြစ်ပေါ်နေ သည့် တရားမ၀င်ငါးဖမ်းဆီးခြင်းကိစ္စများကို  ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း စိမ်းရောင်စို Aitivities (မန္တလေး ) တာဝန်ခံ ဦးမောင်မောင်ဦးက ပြောကြားသည်။

"ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ သစ် ကိစ္စ၊ လင်းပိုင်ကိစ္စ၊ သတ္တုတွင်းကိစ္စတွေ အကြောင်း စကားပြောကြည့်တဲ့အခါ  လုံခြုံရေးနဲ့ ဘတ်ဂျက်ပြဿနာမှာ ဂိတ် ဆုံးသွားတယ်။ ဘတ်ဂျက်မရှိလို့ပါ၊ ဘတ် ဂျက်မပေးနိုင်လို့ပါ။ လုံခြုံရေးမပေးနိုင် လို့ပါဆိုပြီး ကျွန်တော်တို့ရဲ့ သဘာဝအရင်း အမြစ်တွေ ထိပါးခံနေတာ။ ဒါမဖြစ်သင့်ပါဘူး။ ဒီလုပ်နေတဲ့ လူတွေကို ထိုက်သင့် တဲ့ပြစ်မှုနဲ့ ပြစ်ဒဏ် ကြမ်းကြမ်းလောက် သာ  လုပ်ပြလိုက်ပါ။ ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေ သက်သာသွားမယ်လို့ ယုံကြည်တယ်" ဟု ၎င်းက ပြောဆိုသည်။

ဧရာဝတီလင်းပိုင်များသည် ဘက် ထရီရှော့ခ်တိုက်ငါးဖမ်းခြင်း၊ ငါးဖမ်းပိုက် များတွင် ငြိတွယ်ခြင်း၊ ရေယာဉ်ပန်ကာ များ၏ ခုတ်ဖြတ်ခံရခြင်းများကြောင့် သေ ဆုံးခြင်းများရှိနေရာ ပေါက်ကွဲစေတတ် သည့်ပစ္စည်း၊ အဆိပ်အတောက် ဓာတု ပစ္စည်း၊ ယင်းသို့ဖြစ်စေ တတ်သောပစ္စည်း များဖြင့် ငါးဖမ်းခြင်း၊  အကျိုးဖျက်ဆီးခြင်း၊  တားမြစ်ထားသော ငါးဖမ်းကိရိယာများ ဖြင့် ငါးဖမ်းခြင်း၊ တားမြစ်ထားသော ငါး အရွယ်အစားများကို  ဖမ်းဆီးခြင်း စသည် တို့ကိုကျူးလွန်ပါက ငါးလုပ်ငန်းဥပဒေ အရ ထောင်ဒဏ်သုံးနှစ် (သို့မဟုတ်) ငွေ ဒဏ် ကျပ်နှစ်သိန်း (သို့မဟုတ်) ဒဏ်နှစ် ရပ်စလုံး ချမှတ်ခံရမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။




FOLLOW US