News

POST TAGGED AS

အလောင်း

အောင်မင်္ဂလာ အဝေးပြေးကားဝင်းရှေ့ရှိ ရေမြောင်းတွင် လူသေအလောင်းတွေ့
ရန်ကုန်၊ မေ ၂၉

မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းရှေ့တွင် မေလ ၂၉ ရက် နံနက် ၉ နာရီဝန်းကျင်က ရေမြောင်းထဲတွင် ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ရေနစ်သေဆုံးနေသူကို စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိခဲ့သောကြောင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ်သိရှိရန် မေဓာဝီဆေးရုံသို့ရုပ် အလောင်းကို ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“သေဆုံးသူက ဝါယာလက် ပေါက်ကုန်းအပိုင်မှာ နေတဲ့သူပါ။ အသက်က ၂၃ နှစ်။ ဘာကြောင့် သေဆုံးရတယ်ဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတုန်း” ဟု ကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ ရေနစ်သေဆုံးသူ၏ ရုပ်အလောင်းကို မေဓာဝီ ဆေးရုံမှ ပီအာရ် ၂၇ ဖြင့် လက်ခံထားပြီး မင်္ဂလာဒုံမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03



FOLLOW US