News

POST TAGGED AS

အမေရိကန်

အမေရိကန်ပြည်ထောင်စု ဆီယေတဲလ်-တာကိုမားနိုင်ငံတကာလေဆိပ်တွင် လေကြောင်းစက်ပြင်တစ်ဦးက လေယာဉ်တစ်စင်းကို ခိုးယူမောင်းနှင် ပျံသန်းပြီးနောက် အနီးရှိ ကျွန်းတစ်ခုသို့ ထိုးချခဲ့သည့်ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း အမေရိကန်မီဒီယာများက ရေးသားဖော်ပြကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံမှ ရုရှားပူတင်အစိုးရထံ ပေးစာကိုပေးပို့ခဲ့သည်ဟု ရီပတ်ဘလစ်ကန် ဆီနိတ်တာ ရန်းပေါလ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
10-Aug-2018 tagged as ကလေး အမေရိကန်
အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် ကန္တာရအတွင်းရှိ ခြံဝင်းတစ်ခုထဲတွင် အာဟာရချို့တဲ့နေသော ကလေး ၁၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် အမျိုးသားမှာ ထိုကလေးများကို ကျောင်းတွင်းပစ်ခတ်မှုများ ကျူးလွန်နိုင်ရန် လေ့ကျင့်သင်ကြားပေးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု အမေရိကန် မီဒီယာများက ဖော်ပြချက်ကို ကိုးကားပြီး BBC သတင်းဌာနက ဖော်ပြသည်။
09-Aug-2018 tagged as အမေရိကန်
အမေရိကန်သမ္မတသက်တမ်းလယ် လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် ပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့် အောက်လွှတ်တော်အမတ် ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ရန် လျာထားခံရသည့် ကိုယ်စားလှယ်လောင်း အမျိုးသမီးအရေအတွက် စံချိန်ချိုးနိုင်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
အီရန်နိုင်ငံကို အမေရိကန်ပြည် ထောင်စုက ဒဏ်ခတ်အရေးယူမှုသစ်များ ပြဋ္ဌာန်းလိုက်ပြီးနောက် သမ္မတဒေါ်နယ် ထရမ့်က အီရန်နှင့် ကုန်သွယ်ရေးပူးပေါင်း လုပ်ကိုင်နေသည့် အခြားနိုင်ငံများကိုပါ ခြိမ်းခြောက်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုသမ္မတ ထရမ့်အုပ်ချုပ်ရေးအဖွဲ့သည် အီရန်နိုင်ငံကို ပထမအကျော့ ပိတ်ဆို့အရေးယူမှုများကို ထပ်မံပြဋ္ဌာန်းလိုက်ပြီဖြစ်ပြီးလာမည့် နိုဝင်ဘာလ ဒုတိယအကျော့တွင် အီရန်၏ စွမ်းအင်တင်ပို့မှုကဏ္ဍကို ပိတ်ဆို့ဒဏ်ခတ်ရန် ဦးတည်ထားကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာတွင် စနေနေ့ညက အမေရိကန်သံအမတ်၏ ယာဉ်တန်းကို လက်နက်ကိုင်လူတစ်စုက တိုက်ခိုက်ခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
နှစ်နိုင်ငံ ကုန်သွယ်ရေးအငြင်းပွားမှုဖြစ်စဉ်တွင် အမေရိကန်ကုန်စည်များအပေါ် အခွန်ဒေါ်လာ ၆၀ ဘီလီယံတုံ့ပြန်ချမှတ်ရန် ခြိမ်းခြောက်မှုသည် အပြည့်အဝတရား မျှတမှုရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက စင်ကာပူတွင် စနေနေ့ကပြောကြားလိုက်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။
အရှေ့တောင်အာရှအတွက် လုံခြုံရေးရန်ပုံငွေသစ်တွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ပံ့ပိုးသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောကြားခဲ့ကြောင်း Channel News Asia သတင်းဌာနက ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုနှင့် ရုရှား နှစ်နိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုအတွက် ဟောလိဝုဒ်သရုပ်ဆောင် စတီဗင်ဆီးဂဲလ်အား အထူးကိုယ်စားလှယ်အဖြစ် ရုရှားအစိုးရက ခန့်အပ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို CNN သတင်းဌာနက ရေးသားဖော်ပြသည်။