News

POST TAGGED AS

အကောက်ခွန်

အမေရိကန်နှင့် တရုတ်တို့သည် တစ်ဖက်နှင့်တစ်ဖက် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိ ပြင်းထန်လွန်းသော အကောက်ခွန် ၂၅ ရာခိုင်နှုန်းစည်းကြပ်မှုများချမှတ် အကောင်အထည်ဖော်လိုက်ခြင်းဖြင့် ကုန်သွယ်ရေးစစ်ပွဲကိုပိုမိုပြင်းထန်လာစေခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ၁၂ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ဇူလိုင်လ ၁၆ ရက်နေ့က သီလဝါနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံမှ သိရသည်။
အခွန်စည်းကြပ်ဖို့အတွက် အစိုးရဘက်က လျာထားရေးဆွဲထားတာကို ပြည်သူတွေရဲ့အသံ၊ လိုလားချက်၊ ထည့်သွင်းပြင်ဆင် လိုတဲ့အချက်တွေကို သတင်းစာထဲမှာ ဖော်ပြထားသလို အကြံပြုစာတွေ ပေးပို့စေခြင်းဖြင့်လည်းကောင်း၊ ကျွန်တော်တို့မြို့နယ်က ရွေးချယ်စေလွှတ်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံကတစ်ဆင့်အဖြစ်လည်းကောင်း ပေးပို့ပြောဆိုကြရမှာ ဖြစ်ပါတယ်။ ဒါမှသာ ဒီဥပဒေ ထွက်ပေါ်လာတဲ့အခါ အုပ်ချုပ်သူ အစိုးရကပဲ သူ့တစ်ဖက်တည်းက ရေးဆွဲထားတဲ့ပုံစံမျိုးမဖြစ်ဘဲ ပြည်သူ့အလိုကျ ရေးဆွဲပြဋ္ဌာန်းတဲ့ဥပဒေ ဖြစ်လာမှာပါ။
ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် စည်းကြပ်မှုမှကင်းလွတ်နေသော အခွန် (အိမ်၊ ခြံ၊ မြေ၊ မော်တော်ယာဉ် ရောင်းဝယ်ခြင်းများမှ ပေးဆောင်ရသည့်အခွန်) နှုန်းထားကို အခွန်အကောက်ဥပဒေကြမ်းတွင် လျှော့ချလိုက်သည်။
ပြည်ပမှ ငါးအစာကုန်ချောများ တင်သွင်းမှုအပေါ် အကောက်ခွန် ၅ ရာခိုင်နှုန်း ကောက်ခံနေမှုနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံ အကောက်ခွန်နှုန်း လျှော့ချကောက်ခံပေးရန် ယခုလအတွင်း စာတင်ပြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန် အစာထုတ်လုပ် ရောင်းဝယ်သူများအသင်းထံမှ သိရသည်။
02-Oct-2017 tagged as အကောက်ခွန်
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) စည်းမျဉ်းအရ ပြောင်းလဲထားသည့် မြန်မာ့ အကောက်ခွန်နှုန်းသစ်များဖြင့် အောက်တိုဘာလ ၂ ရက်နေ့မှစတင်၍ ကောက်ခံနေပြီဖြစ်ကြောင်း အကောက်ခွန်ဦးစီး ဌာနထံမှ သိရသည်။
21-Nov-2016 tagged as အကောက်ခွန်
အကောက်ခွန်ဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်သော အလိုအလျောက်ကုန်ပစ္စည်းရှင်းလင်းရေး စနစ်(MACCS)ကို အသုံးပြုမည်ဆိုပါက အကောက်ခွန်ကြေညာလွှာတစ်စောင်လျှင် MACCS Fee အဖြစ် ကျပ် သုံးသောင်း ကောက်ခံမည်ဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်သည်