News

POST TAGGED AS

အုပ်ချုပ်ရေး

အမှန်တကယ်တော့ ပြည်သူတို့၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် အစိုးရတစ်ခုတည်းက တာဝန်ယူရမည် မဟုတ်ပါ။ ပုဂ္ဂလိကအဖွဲ့အစည်းများကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အစိုးရကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးရပါမည်။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်ကို ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းခြင်း အပါအဝင် အချက်၁၃ ချက်ဖြင့် ချင်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက စွဲချက်တင်ထားကြောင်း ချင်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။
... တိုင်းပြည်အုပ်ချုပ်ရာတွင် မင်းသည် “ရသေ့ ရဟန်း”ကဲ့သို့ ကျင့်ပါက တိုင်းပြည်ပျက်ကြောင်းဟူ၍ ရှေးပညာရှိတို့က ရေးသားခဲ့သည်ကိုလည်း သတိမူမိပါသည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများ၏ အုပ်ချုပ်ရေးမှူးများအတွက် လစဉ်ထောက်ပံ့ငွေနှင့် ရုံးအသုံးစရိတ်စုစုပေါင်း နှစ်စဉ် ကျပ်သန်း ၂၄၃၄၄ ဒသမ ၆၄ သန်းကို ထောက်ပံ့နေရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။
မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာမှ ကျေးရွာသားသုံးဦးကို မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁)ဖြင့် အမှုဖွင့်ထားကြောင်း မြောက်ဦးခရိုင် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ စာရာမေတိတောင်နှင့် ပတ်ဝန်းကျင်ဧရိယာများကို အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်နိုင်ရေးအတွက် စီစဉ်မှုကို ဒေသခံများက ကန့်ကွက်မှုများ ရှိနေသည့်အတွက် ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။
ကျွမ်းကျင်သည့် အုပ်ချုပ်ရေးသမားသည် လုပ်ကိုင်ဆောင်ရွက်သည့်အခါ မလျှော့မတင်း စောင်းကြိုးညှင်းသကဲ့သို့ ဆောင်ရွက်ရပါသည်။ တင်းလွန်းလျှင် မိမိ၏ လုပ်ဖော်ကိုင်ဖက်များ၊ မိမိ၏လက်အောက်ဝန်ထမ်းများက မည်သူကမျှ မိမိနှင့် အတူတကွ လက်တွဲပြီး လုပ်ချင်ကိုင်ချင် ကြမည်မဟုတ်သလို ပြည်သူတွေအနေနှင့်လည်း ကိုယ်က မည်သို့ပင် မှန်ကန်အောင် လုပ်ပေးသည်ဖြစ်စေ အမှန်ဟုယူဆကြမည် မဟုတ်ကြပါ။
ကတ်တလန်ခွဲထွက်ရေး နိုင်ငံရေး သမားပူဒီမောင့်ကို ကတ်တလန်အစိုးရ ခေါင်းဆောင်အဖြစ် လက်မခံဘဲ ပိတ်ပင်ရန် စပိန်တရားရုံးက ဆုံးဖြတ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ရွှေတောင်မြို့နယ်၊ မြောင်းတပ်ကျေးရွာ အုပ်စုအတွင်း အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ရေးမှူးများက ဘက်လိုက်ဆောင်ရွက်ခဲ့သည်ဟုဆိုကာ ဒေသခံအချို့က ဆန္ဒပြခဲ့မှုနှင့် ပတ်သက်၍ ကျေးရွာအုပ်စုကြီးကြပ်ရေးမှူးများက ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြောင်းတပ်ကျေးရွာ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြန်လည်ရှင်းလင်းခဲ့သည်။
မုံရွာမြို့ပေါ်ရပ်ကွက်များတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲများကျင်းပနေရာတွင် ဇန်နဝါရီလ ၂၁ ရက်နေ့က သပြေအေးရပ်ကွက်ရှိ ရာအိမ်မှူးရွေးချယ်ပွဲတွင် အရွေးချယ်ခံမည့် ရာအိမ်မှူးလောင်းနှစ်ဦးအနက် တစ်ဦးမှာ အချိန်မီရောက်ရှိလာခြင်းမရှိ၍ ယင်းပွဲမှ ပယ်ခဲ့ကြောင်း သပြေအေးရပ်ကွက် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။