News

POST TAGGED AS

အီရန်

07-Jan-2018 tagged as အီရန်
အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော ဆန္ဒပြပွဲများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ယူသည့် အမေရိကန်ကို ရုရှားက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ ရက်အတန်ကြာဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း သောင်းချီသော အစိုးရလိုလားသူများက နိုင်ငံတစ်ဝန်း တန်ပြန်ဆန္ဒကြသည်ဟု အီရန် အစိုးရသတင်းဌာနများမှ ဖော်ပြခဲ့သော်လည်း အီရန်ပြည်သူများကို ပံ့ပိုးမှုအသစ်များ ထောက်ပံ့သွားမည်ဟု ဒေါ်နယ်ထရမ့် ကတိပေးခဲ့ကြောင်း VOA သတင်းဌာန ဖော်ပြသည်။
အမေရိကန်မှ ပြန်ပို့ရမည်ဆိုသော အမိန့်ကို တရားရုံးတွင် ကန့်ကွက်ထားသော ရာနှင့်ချီသည့် အီရန်နိုင်ငံသားများကို ၎င်းတို့အမှု ကြားနာနေစဉ်အတွင်း ထိန်းသိမ်းခံရမှုမှ လွှတ်ပေးထားရမည်ဖြစ်သည်ဟု တရားသူကြီးတစ်ဦးက အမိန့်ချခဲ့ကြောင်း VOA သတင်းက ဖော်ပြသည်။
ဘယ်မီဒီယာ၊ ဘယ်သတင်းကို သင်ဖတ်သလဲဆိုသည့်အပေါ် မှီခိုပြီး အကြောင်းမျိုးစုံ ဖတ်ရှုရပါလိမ့်မည်။ ကုန်ဈေးနှုန်း ကျဆင်းစေချင်သည်၊ စီးပွားရေး ပိုကောင်းစေချင်သည်ဆိုသော အခြေခံမှသည် ဘာသာရေးခေါင်းဆောင်များ ထိန်းချုပ်ထားသော အစိုးရတစ်ခုလုံး ပြုတ်ကျစေချင်သည်ဆိုသော လိုအင်ဆန္ဒအထိ အမျိုးမျိုးရှိနေပြီး အင်အားမကောင်းသော ကန့်ကွက်မှုတစ်ခုအဖြစ်မှသည် အာရပ်နွေဦးတော်လှန်ရေးပမာ အရှိန်အဟုန်ကြီးလာတော့မည့် ဖြစ်စဉ်တစ်ခု၏ နိဒါန်းအဖြစ် ဖော်ပြမှုမျိုးစုံရှိနေသည်။
အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ နိုင်ငံအနှံ့ ဖြစ်ပွားခဲ့ပြီး ရက်အတန်ကြာတွင် အီရန်နိုင်ငံသားများ လူမှုကွန်ရက်များ သုံးစွဲ၍မရစေရန် အာဏာပိုင်များက ပိတ်ပင်လိုက်ခြင်းအပေါ် အလွန်စိုးရိမ်မိကြောင်း ထရမ့်အစိုးရက ထုတ်ပြန်ခဲ့သည်ဟု VOA သတင်းဌာနက ဖော်ပြသည်။
အီရန်နိုင်ငံတွင် ဖြစ်ပေါ်နေသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် ပတ်သက်၍ သမ္မတရိုဟာနီက အီရန်ပြည်သူများတွင် ဆန္ဒပြပိုင်ခွင့်ရှိသော်လည်း လုံခြုံရေးပျက်ပြားအောင်လုပ်၍မရဟု ထုတ်ဖော်သတိပေးလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
အီရန်နိုင်ငံတစ်ဝန်း မြို့အတော်များများတွင် ဖြစ်ပေါ်နေသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအပေါ် အီရန်အာဏာပိုင်များ မည်သို့မည်ပုံ တုံ့ပြန်မည်ကို ကမ္ဘာကြီးက စောင့်ကြည့်လျက်ရှိသည်ဟု အမေရိကန်ပြည်ထောင်စုက သတိပေးပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
03-Dec-2017 tagged as အီရန်
လက်ဘနွန်နိုင်ငံသည် ဟစ်ဇ်ဘိုလာအုပ်စု၏ ပြန်ပေးဆွဲခြင်းခံထားရပြီး အီရန် ကျောထောက်နောက်ခံ အဆိုပါအုပ်စုကို လက်နက်ချအောင် လုပ်ဆောင်နိုင်မှသာ လွတ်မြောက်မှု ရရှိလိမ့်မည်ဖြစ်သည်ဟု ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ဒုံးပျံစမ်းသပ်ခြင်း၊ အကြမ်းဖက်ဝါဒနှင့် ဆိုက်ဘာစစ်ဆင်ရေးများကို ထောက်ပံ့ခြင်း စသည်တို့ကို အီရန် လုပ်ဆောင်ခြင်းကြောင့် အီရန်အပေါ် အရေးယူသည့် လုပ်ဆောင်ချက်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထုတ်ပြန်မည်ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုက နျူကလီးယား လက်နက်ကိစ္စနှင့်ပတ်သက်၍ ဖိအားပေးမှုများ အဆက်မပြတ် ပြုလုပ်လျက်ရှိသော်လည်း အီရန်နိုင်ငံသည် စနေနေ့က တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။