News

POST TAGGED AS

အီရန်

အီရန်နိုင်ငံ အနောက်တောင်ပိုင်း အာဗက်စီတီ၌ပြုလုပ်သော စစ်ရေးပြအခမ်းအနားတစ်ခုသို့ သေနတ်သမားများ ရောက်ရှိလာပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားများအပါအဝင် အနည်းဆုံးလူ ၁၁ ဦး သေဆုံးသွားကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုသည် စေ့စပ်ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရေးအတွက် အီရန်နိုင်ငံသို့ နေ့စဉ် သတင်းပေးပို့လျက်ရှိသည်ဟု သမ္မတဟတ်ဆန် ရိုဟာနီက နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
အီရန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုအကြား ဆက်ဆံရေးတင်းမာလျက် ရှိနေချိန်တွင် ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက စစ်ဖြစ်နိုင်စရာမရှိ ကြောင်း၊ သို့သော် အီရန်နိုင်ငံ၏ ကာကွယ် ရေးတပ်ဖွဲ့အနေနှင့် ကာကွယ်ရေးစွမ်းရည် ကို မြှင့်တင်ထားရမည်ဖြစ်သည်ဟု သတိ ပေးပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
အီရန်သမ္မတရိုဟာနီသည် ၂၀၁၃ တွင် အာဏာရလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လွှတ်တော်၏ ဆင့်ခေါ်ခံရမှု ကြောင့် အင်္ဂါနေ့ကလွှတ်တော်သို့ ရောက် ရှိလာခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
အီရန်နိုင်ငံအနေနှင့် လာမည့်သီတင်းပတ်အတွင်း ဂျက်တိုက်လေယာဉ် အမျိုးအစားသစ်တစ်စင်းကို ထုတ်ဖော်ပြသမည်ဖြစ်ပြီး ဒုံးကျည်လက်နက်ထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရေးကိုလည်း ထိပ်တန်း ဦးစားပေးကိစ္စအဖြစ် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောကြားလိုက်ကြောင်း France24 သတင်းဌာနက ရေးသားဖော်ပြသည်။
အီရန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား စစ်ပွဲဖြစ်လာမည်မဟုတ်သလို စေ့စပ်ညှိနှိုင်းမှုများလည်း ရှိလာမည်မဟုတ်ဟု အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက ပြောကြားလိုက်ပြီး နိုင်ငံ၏ပြဿနာမှာ အသစ်ပြဋ္ဌာန်းလိုက်သော ဒဏ်ခတ်အရေးယူမှုများထက် အစိုးရစီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၏ ရလဒ်ပင်ဖြစ်သည်ဟု ဆိုလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။
အီရန်နိုင်ငံကို အမေရိကန်ပြည် ထောင်စုက ဒဏ်ခတ်အရေးယူမှုသစ်များ ပြဋ္ဌာန်းလိုက်ပြီးနောက် သမ္မတဒေါ်နယ် ထရမ့်က အီရန်နှင့် ကုန်သွယ်ရေးပူးပေါင်း လုပ်ကိုင်နေသည့် အခြားနိုင်ငံများကိုပါ ခြိမ်းခြောက်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုသမ္မတ ထရမ့်အုပ်ချုပ်ရေးအဖွဲ့သည် အီရန်နိုင်ငံကို ပထမအကျော့ ပိတ်ဆို့အရေးယူမှုများကို ထပ်မံပြဋ္ဌာန်းလိုက်ပြီဖြစ်ပြီးလာမည့် နိုဝင်ဘာလ ဒုတိယအကျော့တွင် အီရန်၏ စွမ်းအင်တင်ပို့မှုကဏ္ဍကို ပိတ်ဆို့ဒဏ်ခတ်ရန် ဦးတည်ထားကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
06-Aug-2018 tagged as ဆန္ဒပြ အီရန်
အီရန်နိုင်ငံတစ်လွှားတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများသည် လေးရက်မြောက်အဖြစ် လမ်းများပေါ်သို့ ထွက်လာခဲ့ကြပြီး မြို့တော်တီဟီရန် အနောက်ဘက်ရှိ အစ္စလာမ်စာသင်ကျောင်းတစ်ခုကို တိုက်ခိုက်ခဲ့ကြသည်ဟု စနေနေ့တွင် အီရန်သတင်းဌာနများနှင့် လူမှုမီဒီယာများက ရေးသားထားကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေနှင့် အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီနှင့်တွေ့ဆုံရန် ဆန္ဒရှိကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် ကြိုတင်သတ်မှတ်ချက်များ မပါဝင် (မပြုလုပ်) ဘဲ တွေ့ဆုံလိုကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။