News

POST TAGGED AS

အီတလီ

05-Sep-2018 tagged as အီတလီ ဂျာမနီ
ဂျာမနီအဓိပတိ မာကယ်လ်ဦးဆောင်သော ဂျာမနီအစိုးရသည် ရွှေ့ပြောင်းအခြေချလာသူများကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူမှုရေးဆိုင်ရာ ပဋိပက္ခများနှင့် အခြားပြဿနာများကို လျှော့တွက်ခဲ့သည်ဟု အီတလီပြည်ထဲရေးဝန်ကြီး မက်တီယို ဆာလ်ဗီနီက ဝေဖန်သုံးသပ်လိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
အီတလီအခြေစိုက် လေကြောင်းလိုင်းဖြစ်သော Neos လေကြောင်းလိုင်းသည် Milan–Malpensa လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ အောက်တိုဘာလကုန်မှစ၍ ပျံသန်းပြေးဆွဲရန် စီစဉ်နေကြောင်း Neos လေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။
အီတလီနိုင်ငံ ဂီနိုအာမြို့တွင် ဧရာမ မိုးပျံတံတားကြီး ပြိုကျမှုကြီးကြောင့် အပြိုအပျက်များအောက်တွင် အသက်ရှင်လျက် ပိတ်မိနေသူများအား ကယ်ဆယ်ရေးအဖွဲ့က အပူတပြင်းရှာဖွေမှုများပြုလုပ်နေစဉ် အစိုးရက ယင်းဂီနိုအာမြို့ကို အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
16-Aug-2018 tagged as အီတလီ တံတား
အီတလီနိုင်ငံ အနောက်မြောက်ဘက် ဂီနိုအာမြို့ရှိ မိုးပျံတံတားကြီးတစ်စင်း ကြောက်ခမန်းလိလိ ပြိုကျသွားခဲ့ရာ အနည်းဆုံးလူ ၃၈ ဦး သေဆုံးပြီး အမြောက်အမြား ဒဏ်ရာရရှိသွားကြောင်း၊ တံတားအပြိုအပျက်များအောက်တွင် ပိတ်မိနေနိုင်သူများက အီတလီကယ်ဆယ်ရေးအဖွဲ့က အပူတပြင်း ရှာဖွေလျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
17-Jul-2018 tagged as အီတလီ ဒုက္ခသည်
အပြည့်အလျှံတင်ဆောင်လာသော စက်လှေပေါ်မှ ကယ်ဆယ်လာသော ရွှေ့ပြောင်းဒုက္ခသည် ၄၅၀ ကို အီတလီနိုင်ငံက စစ္စလီကျွန်းတွင် ဆိုက်ကပ်ဆင်းသက်ခွင့်ပြုမည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
01-Jul-2018 tagged as အီတလီ အစိုးရ
ရွှေ့ပြောင်းဒုက္ခသည် ကယ်ဆယ်ရေး သင်္ဘောအီတလီဆိပ်ကမ်းများသို့ ဝင်ရောက် ဒေါက်တင်ပြင်ဆင်ခွင့်ကို အီတလီအစိုးရသစ်က တားမြစ်လိုက်ပြီး ယင်းဖြစ်စဉ်သည် တစ်လအတွင်း သုံးကြိမ်မြောက် ငြင်းဆိုမှုဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
12-Jun-2018 tagged as ဝန်ကြီး အီတလီ
လစ်ဗျားကမ်းခြေမှ ရွှေ့ပြောင်းဒုက္ခသည် ၆၂၉ ဦးကို ကယ်ဆယ်လာခဲ့သော သင်္ဘောအား အီတလီပြည်ထဲရေးဝန်ကြီးက ဆိပ်ကမ်းဆိုက်ကပ်ခွင့် ပိတ်ပင်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
07-Jun-2018 tagged as အီတလီ
အီတလီအစိုးရသစ်သည် ဆီးနိတ် လွှတ်တော် ယုံကြည်စိတ်ချမှု မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရရှိသွားပြီး ဝန်ကြီးချုပ်သစ်က သာယာဝ ပြောရေးနှင့် တရားမဝင် နေထိုင်မှုနှိမ်နင်းရေးတို့ကို ကတိပြုလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
30-May-2018 tagged as ဝန်ကြီး အီတလီ
အီတလီဝန်ကြီးချုပ်အဖြစ် လျာထားခံရသူ ဂူဆစ်ပီကွန်တီက အဆိုပြုထားသော ဘဏ္ဍာရေးဝန်ကြီးကို အီတလီသမ္မတက ဗီတိုအာဏာသုံးကာ ပယ်ချခဲ့ခြင်းကြောင့် အစိုးရဖွဲ့စည်းရေး ကြိုးပမ်းမှုကိုလက်လျှော့ လိုက်ပြီဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
15-May-2018 tagged as ဝန်ကြီး အီတလီ
ဥရောပပေါင်းစည်းမှုကို ဆန့်ကျင်သော ကြယ်ငါးပွင့်လှုပ်ရှားမှုပါတီ (M5S) နှင့် ရွှေ့ပြောင်းအခြေချမှု ဆန့်ကျင်သော အဖွဲ့ချုပ်ပါတီတို့သည် အီတလီအစိုးရသစ် ဖွဲ့စည်းရန်ဆွေးနွေးမှု အဆင်ပြေနေပြီး မေလ ၁၄ ရက်နေ့ နှောင်းပိုင်းတွင် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ကြေညာဖွယ်ရှိကြောင်း ပါတီခေါင်းဆောင်များနှင့် မီဒီယာများ၏ ဖော်ပြချက်ကိုကိုးကားပြီး DW သတင်းဌာနက ဖော်ပြသည်။