News

POST TAGGED AS

အားကစား

08-Jul-2018 tagged as အားကစား
အရှေ့တောင်အာရှကလပ် သက်ကြီးတန်း ဘတ်စကတ်ဘောပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘတ်စကတ်ဘောအဖွဲ့ချုပ်ထံမှ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ချင်းပြည်နယ် ဟားခါးမြို့တို့တွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း အား/ ကာသိပ္ပံကျောင်း (မန္တလေး) ကျောင်းအုပ်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။
03-May-2018 tagged as အားကစား
အာဆီယံဘောလုံးအဖွဲ့ချုပ်က ကျင်းပမည့် ၂၀၁၈ ခုနှစ် အာဆီယံဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် ဗီယက်နမ်၊ မလေးရှားအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသောကြောင့် အုပ်စုကျပ်အတွင်း ကျရောက်သွားခဲ့သည်။
ကီလိုတန်းအလိုက် ထိုးသတ်ရမည့် Lethwei Nation Championship 2018 အမည်ရှိ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ရုပ်သံလိုင်းသစ် CANAL + က ပထမဆုံးအကြိမ် တိုက်ရိုက်ပြမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
24-Apr-2018 tagged as အားကစား
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို လက်ခံရယူမည့်ပွဲစဉ်ကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပြီး မန်စီးတီးအသင်း ဆုဖလားဖြင့် အောင်ပွဲခံမည့်နေ့မှာ မေလ ၆ ရက်နေ့ဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
22-Apr-2018 tagged as အားကစား
လူငယ်များဘောလုံးအားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်ရည်ရွယ်ပြီး လက်ရွေးစင်ကစားသမားဟောင်းများ သင်ကြားပေးမည့် နွေရာသီ လူငယ်ဘောလုံးသင်တန်း ရန်ကုန်တွင် ထပ်မံဖွင့်လှစ်မည်ဖြစ်သည်။
22-Apr-2018 tagged as အားကစား
ဘရူနိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဘရူနိုင်းဖိတ်ခေါ်ဖလား Hassanal Bolkiah Trophy for Asean Youth Football 2018 ပြိုင်ပွဲဝင်မည့် ကစားသမားစာရင်းကို ထုတ်ပြန်ခဲ့ပြီဖြစ်ရာ မြန်မာအသင်းသည် အဖွင့်ပွဲစဉ်အဖြစ် ထိုင်းအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
22-Apr-2018 tagged as အားကစား
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အသင်းနှင့်လမ်းခွဲရလိမ့်မည်ကို လွန်ခဲ့သည့် တစ်လခန့်ကတည်းကပင် သိထားခဲ့ခြင်းဖြစ်ပြီး အာဆင်နယ်အသင်း အမှုဆောင်အရာရှိချုပ် ဂါဇီဒစ်က နွေဈေးကွက်လှုပ်ရှားမည့် အစီအစဉ်များကို ၎င်းနှင့်တိုင်ပင်ခြင်း မရှိခဲ့သည့်အချက်ကြောင့် ယင်းသို့ ရိပ်စားမိခဲ့ခြင်းဖြစ်သည်ဟု အာစင်ဝင်းဂါးက ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
22-Apr-2018 tagged as အားကစား
လက်စတာအသင်းတာဝန်ရှိသူများသည် တိုက်စစ်မှူးဗာဒီကို အသင်း၌ ဆက်လက်ထိန်းသိမ်းထားနိုင်စေရန်အတွက် လုပ်ခလစာတိုးမြှင့်ပေးချေ၍ စာချုပ်သစ်ချုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့မအားကစားကွင်း၌ ဧပြီလ ၁၈ ရက် ညနေပိုင်းက Old Star ဖလား ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ် ဒုတိယပိုင်းတွင် ခိုက်ရန်ဖြစ်ပွားပြီး စည်းကမ်းဖောက်ဖျက်ခဲ့သည့် စပါး FC ဘောလုံးအသင်းကို ပြိုင်ပွဲမှ ထုတ်ပယ်သည့်အပြင် ကစားသမား ၁၀ ဦးကို ပြိုင်ပွဲဝင်ခွင့် သုံးနှစ်ရပ်ဆိုင်းခဲ့ကြောင်း ကျိုင်းတုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးစိုင်းချစ်အောင်က ပြောကြားသည်။