News

POST TAGGED AS

အမျိုးသမီး

လှိုင်သာယာမြို့နယ် ကစင်ကျေးရွာ၊ မြေတိုင်း ၂၃ တွင် မေလ ၂ ရက်နံနက် ၈ နာရီခွဲခန့်က ဖောကားပေါ်ရှိသဲများကိုချစဉ် သဲပိ၍ သေဆုံးနေသူအသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာတွင် ဧပြီလ ၁၇ရက် ညနေ ၄ နာရီက အိမ်တွင်အိပ်နေစဉ် ဖားပြုပ်ကိုက်ခံရသည်ဆိုသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာ ကျေးရွာအုပ်စု ကျေးရွာချင်းဆက် လမ်းမပေါ်တွင် ဧပြီ ၃ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသမီးတစ်ဦးသည် မိုးကြိုးထိမှန်၍ သေဆုံးခဲ့ကြောင်း ညောင်ပင်သာနယ်မြေ ရဲစခန်းထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က တာလီဘန်တို့၏ပစ်ခတ်ခြင်းခံခဲ့ရသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မာလာလာယူဆွတ်သည် ခြောက်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ၎င်း၏မွေးရပ်ဇာတိ ပါကစ္စတန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
သိမ်းပိုက်ခံထားရသော အနောက်ဘက်ကမ်းဒေသတွင် အစ္စရေးစစ်သားများကို ပါးရိုက်ခဲ့ခြင်းကြောင့် ဆန္ဒပြကန့်ကွက်မှု များ၏ ပြယုဂ်အဖြစ် ထင်ရှားလာခဲ့သော ပါလက်စတိုင်း ဆယ်ကျော်သက်မိန်းကလေးသည် ထောင်ဒဏ် ရှစ်လကျခံရမည်ဖြစ်ကြောင်း DW သတင်းဌာနကဖော်ပြသည်။
ဂျာမနီနိုင်ငံတွင် ကားမောင်းနေစဉ် ခေါင်းမြီးခြုံပဝါ ဝတ်ထားခြင်းအပေါ် ပိတ်ပင်ထားမှုအား ရုပ်သိမ်းပေးရန် မွတ်ဆလင်အမျိုးသမီးတစ်ဦးက လျှောက်ထားခဲ့ခြင်းကို တရားရုံးက ပယ်ချလိုက်သည်ဟု DW သတင်းတွင်ဖော်ပြထားသည်။ ယာဉ်မောင်းသူများအား ခေါင်းမြီးခြုံ ပဝါပိတ်ပင်မှုသည် သူမ၏ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်သည်ဟု ထိုအမျိုးသမီးက စောဒကတက်ခဲ့သည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်း မုဒိမ်းကျင့်အသတ်ခံရမှုမှ တင်ပြထားသည့် တရားလိုပြသက်သေ ၃၅ ဦးအနက် ကိုးဦးကို သက်သေစာရင်းမှ ပယ်ခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးထံမှသိရသည်။
ထန်းတပင်မြို့နယ် ကွင်းသာယာရပ်ကွက် အနောက်ပိုင်းတက္ကသိုလ်လမ်းရှိ နေအိမ်တစ်လုံးတွင် မတ် ၃ ရက်နေ့က အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးကို ရည်းစားဖြစ်သူက ရိုက်နှက်မှုကြောင့်ဒဏ်ရာများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် မတ်လ ၉ ရက် နံနက် ၃ နာရီခန့်က သေဆုံးခဲ့သည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုဦးစီးမှူး မရွှေရည်ဝင်းကို လူသတ်၊ မုဒိမ်းကျင့်၊ ပစ္စည်းလုယူမှုဖြင့် ဖမ်းဆီးထားသော အငှားယာဉ်မောင်း မျိုးဇော်ဦး၏အမှုကို မတ်လ ၁၂ ရက်နေ့ က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး သေဆုံးသူအမျိုးသမီး၏ မိဘနှစ်ပါးအပါအဝင် တရားလိုပြသက်သေငါးဦးကို စစ်ဆေးခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
အမျိုးသမီးဘဝ မြင့်မားစေရန်အတွက် မြို့ပြတွင် တက်ကြွစွာလှုပ်ရှားမှုများ ပြုလုပ်သကဲ့သို့ ကျေးလက်များတွင်လည်း ကျယ်ပြန့်စွာ လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်ဆူဇန်နာ လှလှစိုးက ပြောကြားသည်။