News

POST TAGGED AS

အဂတိလိုက်စားမှု

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့် အရေးယူခံရသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဥပဒေအရာရှိချုပ် ဦးဟန်ထူး အပါအဝင် ခြောက်ဦးကို လသာ၊ ကျောက်တံတားနှင့် သာကေတမြို့နယ်များရှိ ရဲစခန်းအချုပ်တွင် လူစုခွဲ၍ ထိန်းသိမ်းထားကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်တိုင်အစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ် ဦးဟန်ထူး၊ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင် သုဝဏ္ဏနယ်မြေစခန်းမှူး) လ ၁၆၆၉၅၄ ရဲအုပ်ချစ်ကိုကို တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်သည်။
အဂတိလိုက်စားမှု ရှိနေသည်ဟုဆိုကာ တိုင်တန်းခံထားရသော မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော် ဂေါပကအဖွဲ့ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ အသစ်ပြန်လည် ရွေးချယ်မည်ဖြစ်ကြောင်း မင်းဘူးမဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်က ပြောကြားသည်။
... အစိုးရဌာနတွေက တာဝန်ယူ ဆောက်လုပ်ကြတဲ့ အဆောက်အအုံ၊ လမ်းတံတားတွေအတွက် ပဏာမတင်ဒါခေါ်ယူရေးလုပ်ငန်းတွေနဲ့ အရည်အသွေး ကျဆင်းမှုတွေ၊ အဂတိလိုက်စားမှုတွေအတွက် အကျင့်ပျက်ရင် ပျက်တဲ့သူကို၊ စည်းကမ်းဖောက်ရင် ဖောက်တဲ့သူကို နိုင်ငံတော် အကြီးအကဲတွေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိတိကျကျ အထောက်အထား ဓာတ်ပုံများနဲ့ တိုင်ကြားကြမှသာ အချိန်တိုအတွင်း ကင်းစင်ပပျောက်သွားနိုင်မှာ ဖြစ်ပါတယ်။
ပဲခူးတိုင်း​ဒေသကြီး ​ရွှေကျင်​မြို့နယ်​ ဒုတိယမြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးစိုးမိုးသူကို သြဂုတ်​လ ၂၃ ရက်​​နေ့တွင် အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်​က လာ​ရောက်​စစ်​​ဆေးခဲ့ပြီး​ ​ရွှေကျင်​မြို့မရဲစခန်းတွင်​ အမှုဖွင့်​လှစ်​ခဲ့သည်​ဟု​ ယင်းကော်​မရှင်​ထံမှသိရှိရသည်​။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးနှစ်ဦးဖြစ်သော ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို မြောက်ဦးမြို့နယ်မှ လုပ်ငန်းရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးတို့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားကြောင်း တိုင်ကြားသူများက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် တရားလွှတ်တော်ရှေ့နေတစ်ဦး လာဘ်ငွေနှင့် လက်ဆောင်ပစ္စည်းယူသည်ဟု စစ်ဆေးပေါ်ပေါက်သဖြင့် ဩဂုတ်လ ၁၄ ရက်တွင် အမှုဖွင့်အရေးယူထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်သည်။
စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေး ကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့် (ကော် ၃ ကော်) တို့၏ အဂတိမကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးမည့် အစီအမံတစ်ခုကို အလျင်အမြန် ရေးဆွဲပြဋ္ဌာန်းအကောင်အထည်ဖော်ပေးပါရန် အစိုးရအား တိုက်တွန်းသည့်အဆိုကို ယနေ့ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် စတင်ဆွေးနွေးနေပြီဖြစ်သည်။
အဂတိလိုက်စားသည်ဟု စွပ်စွဲခံထားရသော နေပြည်တော်ကော်စီနယ်မြေ စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဌာနမှူး) များဖြစ်သည့် ဦးမင်းလွင်စိုးနှင့် ဒေါက်တာ ခိုင်စိုးလှတို့ကို မန္တလေးတိုင်း တရားလွှတ်တော်က ဩဂုတ်လ ၈ ရက်နေ့တွင် စတင်စစ်ဆေးခဲ့သည်။
သမ္မတက တရားစီရင်ရေးမဏ္ဍိုင်ကို ဝင်ပြီးစွက်ဖက်ခွင့် ရှိသလား။ ဒီလိုရာဇဝတ် ပြင်ဆင်မှုဖွင့်ပြီး တည့်မတ်ကုစားပေးတာကရော ဥပဒေနဲ့ ညီညွတ်ရဲ့လား။ တော်ချက်ကဖြင့် ဩချလောက်ပါရဲ့။ မြန်မာပြည်သူတွေ မခေကြတော့ပါဘူး။ ဒီမေးခွန်းနှစ်ခုဟာ ကြောင်းကျိုးဆက်စပ်မှု ရှိနေသလို ရုတ်တရက် ပြိုကျသွားတဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်ရာမှာ အခရာကျလွန်းတဲ့ သော့ချက်အကြောင်းခြင်းရာတွေ ဖြစ်နေလို့ပါပဲ။