News

POST TAGGED AS

အခွန်အကောက်

ဒစ်ဂျစ်တယ်စနစ်ဖြင့် အခွန်ပေးဆောင်နိုင်မည့်ဝန်ဆောင်မှု လုပ်ကိုင်ရန်အတွက် ဆက်သွယ်ရေးအော်ပရေတာ MPT အပါအဝင် ကုမ္ပဏီ ၁၈ ခုက စိတ်ဝင်စားမှုလျှောက်လွှာ (EOI) တင်ထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောကြားသည်။
ဒစ်ဂျစ်တယ်နည်းပညာကို အခြေခံပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိသော အွန်လိုင်းစီးပွားရေးလုပ်ငန်းများကို အခွန်စတင်ကောက်ခံနေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ ခွင့်ပြုလိုင်စင်မယူဘဲ တရားဝင် ရောင်းချခွင့် ရရှိထားသူများမှတစ်ဆင့် ပြန်လည်၍ အခွန်တံဆိပ်ခေါင်း ရောင်းချသူများကို အရေးယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်သည်။
25-Jun-2018 tagged as SME အခွန်အကောက်
၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများ ပြည်ပမှသွင်းကုန်များကို ယှဉ်ပြိုင်နိုင်ရန်နှင့် အခွန်သက်သာခွင့်များ ထည့်သွင်းပေးရေးအတွက် အစိုးရထံ တိုက်တွန်းတင်ပြမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။
အခွန်ထမ်းဆောင်သူများ အချိန်ကုန် သက်သာစေရန်အတွက် မိုဘိုင်းလ်ဖုန်းများရှိ Mobile Banking နှင့် ကွန်ပျူတာအင်တာနက် iBanking အကောင့်များမှတစ်ဆင့် မည်သည့်ဘဏ်မှမဆို အခွန်ပေးဆောင်ခြင်းကို ဇူလိုင်လတွင် စတင်မည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ယမုံအောင်က ပြောကြားသည်။
ဆိပ်ကမ်းများ၌ကောက်ခံသည့် ကွန်တိန်နာ (ကုန်သေတ္တာ) ဝန်ဆောင်ခများကို ယခင်က အလုံးလိုက် ကောက်ခံရာမှ ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ နှုန်းထားလျှော့ကာ တင်သွင်း၊ တင်ပို့သော ကုန်စည် ပမာဏအရသာ သတ်မှတ်ကောက်ခံတော့မည်ဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က ထုတ်ပြန်သည်။
ပြည်တွင်းလုပ်ငန်းရှင်များအနေနှင့် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းလိုသည်များကို ကြိုတင်အကြံပြုလိုပါက ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ထံ ဆက်သွယ်ပေးပို့ရန် ဖိတ်ခေါ်ထားကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။