News

POST TAGGED AS

အချုပ်သား

တမူးအချုပ်ခန်းဖောက်ပြေးသူ သုံးဦး လွတ်မြောက်နေဆဲ
ကလေး၊ ဩဂုတ် ၁၂ 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မရဲစခန်းအချုပ်ခန်းကို ဩဂုတ်လ ၉ ရက်နေ့ နံနက် ၃ နာရီခွဲခန့်က ဖောက်ပြေးခဲ့သူ သုံးဦးမှာ လွတ်မြောက်နေပြီး သုံးရက်ကြာသည်အထိ ဖမ်းဆီးရမိသေးခြင်းမရှိကြောင်း တမူးမြို့မရဲစခန်းထံမှ သိရသည်။ 

ယင်းနေ့ကတမူးမြို့မရဲစခန်းအချုပ်ခန်းတံခါး သစ်သားတိုင်ကို သံဖြတ်လွှဖြင့်ဖြတ်၍ အချုပ်သားခုနစ်ဦးသည် အချုပ်ခန်းမှ ထွက်ပြေးခဲ့ရာ ၎င်းတို့ ခုနစ်ဦးအနက် လေးဦးကို ထွက်ပြေးသည့်နေ့တွင်ပင် ပြန်လည်ဖမ်းမိခဲ့ပြီး ကျန်သုံးဦးကိုမူ ဩဂုတ်လ ၁၂ ရက်နေ့အထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း တမူးမြို့မရဲစခန်းထံမှ သိရသည်။ 

“ထွက်ပြေးတဲ့သူတွေနောက်တော့ တောက်လျှောက်လိုက်နေတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန် ထွက်သွားပြန်နဲ့ နည်းနည်း နည်းနည်းစီ လွဲလွဲနေတယ်။ သူတို့ဓာတ်ပုံတွေလည်း ဖြန့်ထားတာဖြစ်တဲ့အတွက် နယ်မြေခံတွေက တွေ့ရင်တော့ သတင်းပေးကြစေလိုပါတယ်”ဟု တမူးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဇော်ထွန်းက ပြောဆိုသည်။ 

ထွက်ပြေးလွတ်မြောက်နေသူ သုံးဦးမှာ ကလေးမြို့နယ် ကြက်ဖနပ်ကျေးရွာမှ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် ညွန့်စိုး ၃၃ နှစ်၊ ခမ်းပတ်မြို့နယ် ဇီးဖြူကုန်းကျေးရွာမှ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးရခံထားရသည့် အောင်ဆန်းထွေး ၂၉နှစ် နှင့် တမူးမြို့နယ်၊ အင်ဒိုင်းကျေးရွာမှ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးရခံထားရသည့် အောင်ဆန်း(ခ)ကျော်ကျော်ဝင်း ၃၁ နှစ်တို့ ဖြစ်ကြောင်း တမူးမြို့မရဲစခန်းထံမှ သိရသည်။

R-20




FOLLOW US