News

POST TAGGED AS

အကျဉ်းထောင်

အကျဉ်း​ထောင်​ ဝန်​ထမ်းတစ်​ဦးထံမှ စိတ်​ကြွ​ဆေးပြားဖမ်းမိ
တောင်​ငူ၊ ဧပြီ ၆

ပဲခူးတိုင်း​ဒေသကြီး ​တောင်​ငူမြို့နယ်​ အကျဉ်းဦးစီးဌာန ​တောင်​ငူအကျဉ်း​ထောင်​တွင်​ ဧပြီလ ၅ ရက်​​နေ့​နံနက်​ ၆ နာရီခန့်​က တာဝန်​ကျတပ်​သားတစ်​ဦးထံမှ တရားမဝင်​စိတ်​ကြွရူးသွပ်​​ဆေးပြားများ ဖမ်းဆီးရမိခဲ့သည်​ဟု ​ရဲတပ်​ဖွဲ့မှစုံစမ်းသိရှိရသည်​။

“အကျဉ်း​ထောင်​ဝန်​ထမ်းက ထမင်းဘူးထဲ ထည့်​ယူလာတာပါ။ အကျဉ်းသားက သယ်​ခိုင်းတယ်​လို့ သိရပြီး ရှာ​ဖွေပုံစံနဲ့ သိမ်းဆည်းပြီး အမှုဖွင့်​လှစ်​ခဲ့ပါတယ်​”ဟု ​တောင်​ငူမြို့မရဲစခန်းမှ ရဲအရာရှိတစ်​ဦးက ​ပြောကြားသည်​။

အဆိုပါ​နေ့ နံနက်​ ၆ နာရီခန့်​တွင်​ ​တောင်​ငူ အကျဉ်း​ထောင်​ တာဝန်​ရှိသူများက လုံခြုံ​ရေး တာဝန်​ထမ်းဆောင်ကြမည့်​ တပ်​ဖွဲ့ဝင်​များကို စစ်​​ဆေးရာမှ အသက်​၂၃ နှစ်​အရွယ်​ တပ်​သား​ဝေလင်း ယူ​ဆောင်​လာသည့်​​ကော်​ထမင်းဘူးကို စစ်​​ဆေးရှာ​ဖွေရာတွင် မူးယစ်​စိတ်​ကြွ​​ဆေး ၃၂ ပြားကို ရှာ​ဖွေ​တွေ့ရှိခဲ့ကြောင်း၊ ဆက်လက်စစ်​​​ဆေးရာတွင် အကျဉ်း​ထောင်​ အိပ်​​ဆောင်​ ၁ တွင်​ မူးယစ်​​ဆေးဝါးမှုဖြင့်​ အလုပ်​နှင့်​​ထောင်​ဒဏ်​ ၁၅ နှစ်​ ကျခံ​နေရသည့်​အသက်​၃၃ နှစ်​အရွယ်​ ​အောင်​ကြီးဆိုသူက သယ်​ယူခိုင်းခဲ့ခြင်းဖြစ်​​ကြောင်း စစ်​​ဆေး​တွေ ရှိရသည်​ဟု ​တောင်​ငူမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်​။

အမှုနှင့်​ပတ်​သက်​ပြီး တပ်​သား​ ဝေလင်းနှင့်​​​ အကျဉ်းသား ​အောင်​ကြီးတို့ ကို ​တောင်​ငူမြို့မရဲစခန်းမှ မယ(ပ)၂/၂၀၁၈ မူးယစ်​​ဆေးဝါးနှင့်​ စိတ်​ကို​ပြောင်းလဲ​စေတတ်​​သော ​ဆေးဝါးများဆိုင်​ရာ ဥ​ပ​ဒေပုဒ်​မ ၁၉(က)/၂၁/၂၂ ဖြင့်​ အမှုဖွင့်​ စစ်​​ဆေး​ဆောင်​ရွက်​​နေသည်​ဟု အဆိုပါရဲစခန်းမှ စုံစမ်းသိရှိရသည်​။

R-15



FOLLOW US