News

POST TAGGED AS

အကျဉ်းသား

01-Apr-2018 tagged as အကျဉ်းသား
လှည်းကူးမြို့နယ်၊ လှေလှော်အင်း ရဲဘက်အကျဉ်းစခန်းတွင် မတ်လ ၂၉ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က လုယက်မှုဖြင့် ထောင်ဒဏ်လေးနှစ် ကျခံနေရသူ အသက် ၃၄ နှစ်အရွယ် အကျဉ်းသားတစ်ဦး အကျဉ်းထောင်ရှိ မော် တော်ယာဉ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP-B) တည်ထောင်ခြင်း ၁၈ နှစ်ပြည့် အထိမ်းအမှတ်နှင့် MEMORY OF THE PAST ဟု အမည်ပေးထားသည့် ဓာတ်ပုံပြခန်းဖွင့်ပွဲကို ယနေ့ (မတ်လ ၂၃ ရက်) ကျင်းပမည်ဖြစ်သည်။
မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်လေးဆယ်ကျော်မှ အကျဉ်းသား တစ်သောင်းခန့်ကို ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့) တွင် နိုင်ငံတော်အဆင့်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စီစဉ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နေစရာမရှိသော နိုင်ငံရေးအကျဉ်းသားဟောင်းများကို တိုက်ကြီးမြို့နယ် မလေးရှားဝိုင်ကျေးရွာအုပ်စု အုန္နဲပင်ကျေးရွာတွင် မြေဝယ်ကာ နေရာချထားမည်ဖြစ်ကြောင်း တိုက်ကြီး (BG) သွေး ကူညီရေးအဖွဲ့ ဦးသက်ဦးက ပြောသည်။
မြန်မာတစ်နိုင်ငံလုံး၌ မတ်လ ၇ ရက် (ယနေ့) စတင်ကျင်းပမည့် တက္က သိုလ်ဝင်စာမေးပွဲကို ပြစ်ဒဏ်ကျ အကျဉ်းသား၊ အကျဉ်းသူနှင့် အချုပ်သား စုစုပေါင်း ၁၀၀ ကျော် ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။
အိုးဘိုထောင်စာစစ်ဌာန၌ မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ထောင်ကျ အကျဉ်းသား အကျဉ်းသူ အရေအတွက် ယမန်နှစ်ထက်ငါးဆရှိကြောင်း မန္တလေး ဗဟို အကျဉ်းထောင်ထံမှ သိရသည်။
မန္တလေးမြို့တော်ရှိ အိုးဘိုအကျဉ်းထောင်တွင် ပြစ်ဒဏ် ရှစ်နှစ်ကျခံနေသည့် အကျဉ်းသားတစ်ဦး ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက အစာငတ်ခံ ဆန္ဒပြခဲ့မှုကို တားမြစ်ခဲ့ကြောင်း ယင်းထောင်မှ အရာထမ်းတစ်ဦးက ပြောကြားသည်။
နိုင်ငံရေး အကျဉ်းသားများအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု စင်တာကို ဒဂုံမြို့သစ်(မြောက်ပိုင်း) ၆ ရပ်ကွက်၊ ခါတော်မီလမ်းတွင် ဆောက်လုပ်နေပြီဖြစ်ကြောင်း အဆိုပါစင်တာမှ အလုပ်အမှုဆောင် ကိုရာဇာက ပြောကြားသည်။
ကျိုက်မရောအကျဉ်းထောင် (မော်လမြိုင်) တွင် အကျဉ်းကျခံနေရသည့် မွန်ပြည်သစ်ပါတီအဖွဲ့ဝင် ၅ ဦး ဇန်နဝါရီ ၃၁ ရက်တွင် လွတ်မြောက်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။
မပြေလည်သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ မိသားစုဝင်များအတွက် ကူညီထောက်ပံ့မှု ပြုလုပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းမေးမြန်းထားခြင်းကို ရန်ကုန်တိုင်းလွှတ်တော်က ပယ်ချခဲ့ကြောင်း အဆိုပါမေးခွန်း မေးမြန်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။