POST TAGGED AS

သုတေသန

လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ပုဂံဒေသတွင်နေထိုင်ခဲ့ကြသည့် သာမန်လူတန်းစားများ၏ လူမှုစီးပွားအခြေအနေများကို ငါးနှစ်စီမံချက်ဖြင့် သုတေသန ပြုလုပ်လျက်ရှိကြောင်း မန္တလေးတက္ကသိုလ်၊ ရှေးဟောင်းသုတေသနပညာဌာနမှ ကထိက ဒေါက်တာပြည့်ဖြိုးကျော်က ပြောကြားသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိပြီး သဲကျောက်ဖြင့်တည်ဆောက်ထားသည့် နန်းဘုရားကို ဂျာမနီနိုင်ငံမှပညာရှင်များ ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်နိုင်ရန် ကွင်းဆင်းသုတေသန ပြုလုပ်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) လက်ထောက်ညွန်ကြားရေးမှူး ဦးကြည်လင်က ပြောကြားသည်။
ပေါ်ဆန်းဆန်ကို မြန်မာ့မျိုးရင်းအဖြစ် သတ်မှတ်နိုင်ရန်အတွက် ပညာရှင်များနှင့် ဆန်စပါးလုပ်ငန်းရှင်များ ပူးပေါင်း၍ ပေါ်ဆန်းမွှေးဆန် သုတေသနစာအုပ် ထုတ်ဝေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ရှုခင်းကြည့်တောင်ကုန်းများ ထပ်မလုပ်ရန်နှင့် လက်ရှိလုပ်ဆောင်နေမှုများကို အမြန်ဆုံးရပ်တန့်ပေးရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီးများဖြင့် ဖွဲ့စည်းထားသော မြန်မာရှေးဟောင်း သုတေသနပညာအသင်းက တောင်းဆိုလိုက်သည်။
ဂျာမနီနိုင်ငံထုတ် ငှက်ဖျားရောဂါပိုး ရှာဖွေသည့်ကိရိယာကို အသုံးပြုနိုင်ရန် စဥ့်ကူးမြို့နယ်အတွင်းရှိ လူဦးရေတစ်သောင်းခန့်ကို သွေးဖောက်စစ်ဆေးကာ သုတေသနပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာန ရောဂါပိုးမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှ တစ်ဆင့်ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲ ရ.ပ.က.န (ငှက်ဖျား) ထံမှ သိရသည်။
စစ်ကိုင်းမြို့နယ် ရေခါးအင်းမြောက်ဘက်အနီး စစ်ကိုင်းပြတ်ရွေ့အပိုင်းကို အမေရိကန်အပါအဝင် ၁၀ နိုင်ငံမှ ပညာရှင်များက ကွင်းဆင်းသုတေသန ပြုလုပ်နေကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောကြားသည်။
မြန်မာမှုအနုလက်ရာများကြောင့် စံပြုရမည့်ကျောင်းအဖြစ် သတ်မှတ်ထားသော ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် အလှူရှင်အမေရိကန် သံအမတ်ကြီးများအဖွဲ့တို့အကြား သဘောထားကွဲနေသည်။
ဝန်းသိုမြို့နယ် မိုင်းသုန်ရွာ တောင်ကုန်းတစ်ခုအနီးမှ ပျူခေတ်လက်ရာ ရောင်စုံကျောက်ပုတီးစေ့များ၊ ဓားများ၊ ကြေးအိုးများနှင့် လူအရိုးများကို အောက်တိုဘာ ၂၅ ရက်က တွေ့ရှိခဲ့ရကြောင်း စစ်ကိုင်းတိုင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရှိရသည်။
27-Aug-2016 tagged as သုတေသန
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်ရှိ ထမံသီ တိရစ္ဆာန် ဘေးမဲ့တောနှင့် ကချင်ပြည်နယ် ပူတာအိုရှိ ဖုန်ကန်ရာဇီ တိရစ္ဆာန် ဘေးမဲ့တောများတွင် ပြည်ပမှ ပညာရှင်များ၊ သစ်တော ဦးစီးဌာနမှ ပညာရှင်များနှင့် ပြည်တွင်းမှ ပညာရှင်များ ပူးပေါင်း၍ ရုက္ခဗေဒဆိုင်ရာ သုတေသနကို သုံးလကြာ ပြုလုပ်မည်
ငှက်တွေကို ဖမ်းဆီးတယ်။ အလှမွေးတယ်။ အခါကြီးရက်ကြီးတွေမှာ ငှက်လွှတ်တာရှိတယ်။ ဒါပေမဲ့ လှောင်အိမ်ထဲက တစ်ကောင်လွှတ်ရင် နောက်ထပ် တစ်ကောင် ထပ်ဖမ်းခိုင်းတာနဲ့ အတူတူပဲ။