News

POST TAGGED AS

သမဂ္ဂ

ပခုက္ကူတက္ကသိုလ်တွင် တက်ရောက်နေသော ဒုတိယနှစ် ရူပဗေဒဘာသာရပ် အထူးပြုကျောင်းသား ကိုသက်မောင်မောင်ကို ကျောင်းသားသမဂ္ဂအဖွဲ့မှ မနုတ်ထွက်သဖြင့် ပခုက္ကူခြေမြန်တပ်မဌာနချုပ် ဝန်ထမ်းလိုင်းခန်းမှ နှင်ထုတ်ခံရကြောင်း ကိုသက်မောင်မောင်က ပြောကြားသည်။
မန္တလေးမြို့တော်ရှိ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ခြောက်နှစ်ပြည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ယင်းတက္ကသိုလ် ပိတောက်လမ်းတွင် ကျင်းပခဲ့သည်။
ဘင်္ဂါလီများ အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာဗိုလ်ချုပ်များကို အရေးယူပိတ်ဆို့နိုင်ရေး ပြင်ဆင်မှုများ ပြုလုပ်ရန်နှင့် လက်နက်ရောင်းချမှု ပိတ်ပင်ထားခြင်းကို ပိုမိုတင်းကျပ်ရန် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများက ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် သဘောတူခဲ့ပြီး တပ်မတော်သည် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့သည်ဟုလည်း စွပ်စွဲခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
တနင်္ဂနွေကျောင်းပိတ်ရက် ဖေဖော်ဝါရီလ ၁၁ ရက်က မန္တလေးမြို့၊ မန္တလာ ဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ ရုံးခန်းဖောက်ထွင်းခံခဲ့ရပြီး အစည်းအဝေး မှတ်တမ်း၊ တံဆိပ်တုံး၊ စာအုပ်များ ပျောက်ဆုံးနေကြောင်း ယင်းသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုဝေယံမင်းထွန်းက ပြောကြားသည်။