News

POST TAGGED AS

သစ်

06-Sep-2018 tagged as သစ် တရားမဝင်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီနှင့် ကွတ်ခိုင်မြို့အကြားရှိ ကာလုံလမ်းခွဲအနီးတွင် စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက မသင်္ကာဖွယ် ရပ်တန့်ထားသည် မှန်လုံခရီးသည်တင်ယာဉ်နှစ်စီးပေါ်မှ တရားမဝင်သစ်တန်ချိန် ၇ တန်ကျော်ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများမှ ပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးပြန်လည် လုပ်ဆောင်နိုင်ရန်အတွက် ပြည်နယ်အစိုးရမှ သစ်တန် ၃၀၀ ရောင်းချပေးနိုင်ရန် ပြည်ထောင်စု သစ်တောဦးစီးဌာနထံ ခွင့်ပြုချက်တင်မည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှသိရသည်။
18-Jul-2018 tagged as အခွန် သစ်
မြန်မာနိုင်ငံက ပြည်တွင်းသစ်ထုတ်လုပ်မှုကို လျှော့ချထားခြင်းကြောင့် ပြည်ပနိုင်ငံများမှ သစ်အလုံးလိုက်တင်သွင်းမှုကို အခွန်လျှော့ချရန် စီစဉ်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနထံမှ သိရသည်။
ကချင်ပြည်နယ်တွင်း ဖမ်းဆီးရမိသော သစ်များကို ခိုးထုတ်သွားသည့် သစ်မှောင်ခိုအဖွဲ့ကို အရေးယူရန် တရုတ် အစိုးရထံ မြန်မာအစိုးရက အကြောင်းကြားရန် စီစဉ်နေကြောင်း ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးက ပြောကြားသည်။
18-May-2018 tagged as သစ် တရားမဝင်
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ လုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့သည် မေလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ကွိုင်ငံကျေးရွာအနီးတွင် တရားမဝင် ကျွန်းသစ်ဓား ရွေတုံးဆိုဒ်စုံ ၂၇၁ တုံး (စုစုပေါင်း ၁၄ တန်ခန့်) ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အနောက်ဖက် မုန်တိုင်ကျေးရွာအနီးတွင် မတ်လ ၂၉ ရက်နေ့က မကွေးမှ မိတ္ထီလာသို့ မောင်းလာသော ၂၂ ဘီးကားတစ်စီးပေါ်တွင် ပိတောက်သား ၁၄ တန်ကျော် တင်ဆောင်လာသည်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း မိတ္ထီလာခရိုင်မှုခင်း နှိမ်နင်းရေးဌာနစိတ်မှ အဖွဲ့ခေါင်းဆောင် ရဲအုပ်တင်ထွန်းအောင်က ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် တပ်မတော်အပါအဝင် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ဖေဖော်ဝါရီလ ၂၈ မှ မတ်လ ၃ ရက်နေ့အထိ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ တရားမဝင် ပိတောက်ခွဲသားနှင့်ထင်းရှူးခွဲသား တန် ၁၀၀ ခန့် ဖမ်းဆီးရမိခဲ့ကြောင်း ယင်းပြည်နယ် သစ်တောဦးစီးမှူး ဦးစိုးမြင့်သိန်းက ပြောကြားသည်။
သာစည်မြို့နယ် ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်အနီးတွင် ကျပ်သိန်း ၃၀ ကျော် တန်ဖိုးရှိ ပိတောက်သစ်ခွဲသားများ တင်ဆောင်လာသော ယာဉ်တစ်စီးကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ် သစ်တော ဦးစီးဌာနထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ သစ်ခဲရွာအနောက်ဘက်တွင် တရားမဝင်စုပုံထားသည့် သစ်များအပြင် ၁၂ ဘီး ယာဉ်တစ်စီးပေါ်မှ တရားမဝင် သစ်တန်ချိန်အများအပြားကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး ယင်းနေရာသို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်လည်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဘုတလင်မြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇေလင်းက ပြောကြားသည်။
21-Jan-2018 tagged as သစ် တရားမဝင်
မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ၂၀၁၇ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကိုးလအတွင်း တရားမဝင်သစ်တန်ချိန် သုံးသောင်းခွဲကျော် ဖမ်းဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနထံမှ သိရသည်။