News

POST TAGGED AS

သစ်တောဦးစီးဌာန

သစ်တောဦးစီးဌာန သိမ်းဆည်းထားသည့်သစ်များ မီးရှို့ရန်ကြံစည်ခံရ
လားရှိုး၊ မတ် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် လေးမြို့နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ရပ်ကွက် ၁ ရှိ သစ်တောဦးစီးဌာနဝင်းအတွင်း သိမ်းဆည်းထားသည့်သစ်များ မတ်လ ၁၆ ရက်နေ့က တစ်ပြိုင်နက်တည်းမီးရှို့ရန် ကြံစည်ရကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ လဲခြား၊ နမ့်စန် (ခိုလမ်) နှင့် မိုင်းကိုင်မြို့အစရှိသည့် နေရာများနှင့် ကျောက်မဲမြို့သစ်တောဝင်းအတွင်း သိမ်းဆည်းထားသည့် သစ်များကို မတ်လ ၁၆ ရက်နေ့က မီးရှို့ဖျက်ဆီးရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကျောက်မဲမြို့၊ သစ်တောဌာနခြံဝင်းအတွင်း သိမ်းဆည်းထားသည့် သစ်များကို မီးရှို့ရန်ကြံစည်ခဲ့မှုကို သစ်တောဝန်ထမ်းတစ်ဦးက အချိန်မီသိရှိခဲ့သည့်အတွက် မီးလောင်ကျွမ်းမှု မဖြစ်ပေါ်ခဲ့ကြောင်း၊ မီးရှို့ရန်ကြံရွယ်သူနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ငါးဂါလန် ဓာတ်ဆီပုံးကျန်ရှိခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးသန့်က ပြောကြားသည်။

အဆိုပါသစ်များ မီးရှို့ရန်ကြံစည်မှုကို ကျောက်မဲမြို့မရဲစခန်းက (ပ) ၁၂၇ /၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၃၆ အရ အမှုဖွင့်ထားသည်။

ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း လဲခြားမြို့ ရပ်ကွက် ၆ ရှိ သစ်တောဌာနအပိုင်ဝင်းအတွင်း ပိတောက် ၃၇ လုံးကို မတ်လ ၁၆ ရက်နေ့ နံနက်၂ နာရီခွဲက ဓာတ်ဆီလောင်းမီးရှို့ခံရပြီး နမ့်စန် (ခိုလမ်) မြို့ ၂ ရပ်ကွက် သစ်တောရုံးဝင်းအတွင်းရှိ ပိတောက် ၄၀ တုံးနှင့် တမလန်း ၇၃ တုံးကိုလည်း ယင်းနေ့နံနက် ၁၀ နာရီခန့်က မီးရှို့မှုဖြစ်ပွားခဲ့သည့်အပြင် မတ်လ ၁၆ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မိုင်းကိုင်မြို့ ရပ်ကွက်၂ သစ်တောရုံးဝင်းအတွင်း ပိတောက် ၂ တန် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ ရပ်ကွက် ၄ ရှိ မြန်မာ့သစ်လုပ်ငန်း ဝင်းအတွင်းရှိ သစ်တုံးများလည်း မီးရှို့ခံရကြောင်း သစ်တောဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါ မီးရှို့ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

R-07



FOLLOW US