News

POST TAGGED AS

ဝန်ကြီး

ကုလလုံခြုံရေးကောင်စီတွင် အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံထဲတွင် ပါဝင်နိုင်ရေးအတွက် စည်းရုံးမြှင့်တင်နေသော ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုင်းကိုမာ့စ်က ကုလသမဂ္ဂ ပိုမိုခိုင်မာတောင့်တင်းရန် လိုအပ်ကြောင်း ပြောကြားလိုက်သည်ဟု DW သတင်းတွင်ဖော်ပြထားသည်။
ဂျာမနီအဓိပတိ မာကယ်လ်၏ သဘောထားတင်းမာသော ပြည်ထဲရေးဝန်ကြီးသစ်က အစ္စလာမ်သည် “ဂျာမနီ၏ အစိတ်အပိုင်းမဟုတ်”ဟု မတ်လ ၁၆ ရက်နေ့တွင် ပုံနှိပ်ဖော်ပြသော အင်တာဗျူးတစ်ခုတွင် မှတ်ချက်ပေးခဲ့ရာ မာကယ်လ်၏ စတုတ္ထသက်တမ်းစတင်စ နှစ်ရက်သာ ရှိသေးချိန်တွင်ပင် နိုင်ငံရေးမုန်တိုင်းတစ်ခုကို အစပျိုးလိုက်ပြီဖြစ်သည်ဟု AFP သတင်းဌာနက သုံးသပ်ဖော်ပြသည်။
ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးအဖြစ် တောင်ကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတက မတ်လ ၁၅ ရက်နေ့က ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ပြည်ထောင်စုအစိုးရက ထုတ်ပြန်လိုက်သည်။
အကျင့်ဆိုးများ မဖျောက်နိုင်သေးသည့်ဝန်ထမ်းများ ရှိနေဆဲဖြစ်သောကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထုတ်ပယ်သည်အထိ အရေးယူရမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
မြန်မာတစ်နိုင်ငံလုံး ဧပြီလမှစ၍ မီတာစနစ် လေးမျိုးပြောင်းလဲကာ မီတာခကို ကောက်ခံမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။
လူဦးရေထက်ဝက်ကျော်မှာ အသက် ၂၅ နှစ်အောက် အရွယ်များဖြစ်ကြသော ဆော်ဒီအာရေးဗီယားနိုင်ငံတွင် ဘုရင်ဆော်လ်မွန်က လူငယ်များကိုနေရာပေးလိုသည်ဟု နိုင်ငံပိုင်ရုပ်သံက ကြေညာလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
မန္တလေးတိုင်းအစိုးရအဖွဲ့တွင် လစ်လပ်နေသည့် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးတစ်နေရာအတွက် ယခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြန်လည်ရွေးချယ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနအချို့က သီးခြားဖွင့်လှစ်ထားသော Other Account (OA) မှ ငွေစာရင်းများကို နိုင်ငံ့ဘဏ္ဍာအတွင်း ထည့်ဝင်သုံးစွဲလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားလိုက်သည်။
ပြည်ထောင်စုအဆင့် အဖွဲ့ဝင် ဝန်ကြီးများအနေနှင့် ၎င်းတို့၏လုပ်အားကို နှစ်ဆတိုးလုပ်ဆောင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျူးများသည် ပိုလန်များကဲ့သို့ပင် ကျူးလွန်သူများဖြစ်သည်ဟု ပြောဆိုခဲ့သော ပိုလန်ဝန်ကြီးချုပ်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက စနေနေ့က ပြစ်တင်ရှုတ်ချလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။