News

POST TAGGED AS

ဝန်ကြီးချုပ်

၂၀၁၆ ခုနှစ်က ပြင်သစ်နိုင်ငံမှ ရာဖာလာအမျိုးအစား ဂျက်တိုက်လေယာဉ်များ ဝယ်ယူခဲ့ရာတွင် အဂတိလိုက်စားမှုများ ရှိခဲ့သည်ဟူသော သက်သေအထောက်အထားများ ထွက်ပေါ်လာပြီးနောက် အိန္ဒိယအတိုက်အခံ အင်အားစုများက ဝန်ကြီးချုပ်မိုဒီကို ရာထူးမှနုတ်ထွက်ပေးရန် ပြင်းပြင်းထန်ထန် ဖိအားပေးတောင်းဆိုလျက်ရှိကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
ရန်ကုန်မြို့တော်တွင် တရားဥပဒေ စိုးမိုးရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန် မြို့နယ်၌ ရုံးဆင်းထိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
ကမ္ဘာ့အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေနိုင်သည့် မော်တော်ကား၊ ရေခဲသေတ္တာ၊ လေအေးပေးစက်၊ ရေမြှုပ်ဆိုဖာ စသည့် လူသုံးကုန်ပစ္စည်းများ လျှော့ချသုံးစွဲရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောကြားသည်။
လက်ရှိ ပြဋ္ဌာန်းထားသည့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေအသစ်ဖြင့် ရန်ကုန်တိုင်းအတွင်း စည်းကမ်းမဲ့နေသည့် ကိစ္စရပ်များကို တိုက်ဖျက်ကာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် မကြာမီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မည်ဖြစ်ရာ လူငယ်မျိုးဆက်သစ် မဲဆန္ဒရှင်များနေနှင့် နိုင်ငံရေးတွင် ပိုမိုတက်ကြွစွာ လှုပ်ရှားပြီး အပြောင်းအလဲကောင်းများကို ဖန်တီးနိုင်မည်ဆိုပါက အာဏာသက် ရှည်ကြာနေပြီဖြစ်သော ဝန်ကြီးချုပ်ဟွန်ဆန်၏ အုပ်ချုပ်မှုကို အပြောင်းအလဲလုပ်နိုင်လိမ့်မည်ဟု နိုင်ငံရေးအကဲခတ်များနှင့် ပညာရှင်များက တူညီစွာမှတ်ချက်ပေးကြကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
အစိုးရသို့ ပေးသွင်းရန်ရှိသည့် ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်း ၃၀၀၀ ခန့်ကို ပြန်မသွင်းနိုင်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်က ပြောကြားသည်။
ကယားပြည်နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူမည့်ကိစ္စနှင့်ပတ်သက်၍ ဆူပူမှုများ ဆက်လက်လုပ်ဆောင်မည်ဆိုပါက တပ်မတော်ကို ထိန်းသိမ်းခိုင်းရမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ခြိမ်းခြောက်ပြောဆိုမှုအား ကန့်ကွက်ရှုတ်ချကြောင်း ကယားပြည်နယ် ကျောင်းသားများသမဂ္ဂက ဇူလိုင်လ ၂၁ ရက်နေ့တွင် သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများကို ချေးငွေများ ထိရောက်စွာ ပံ့ပိုးပေးနိုင်ရန်အတွက် SME အေဂျင်စီတစ်ခုကို ဖွဲ့စည်းတည်ထောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
IS အဖွဲ့က ပြန်ပေးဆွဲထားသူ ၈ ဦးကို သတ်ဖြတ်ခဲ့ခြင်းအပေါ် အမြန်ဆုံးလက်တုံ့ပြန်ရန် အီရတ်ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ပြီးနောက် IS အကျဉ်းသား ၁၃ ဦးကို အကြမ်းဖက်မှုဖြင့် စွဲချက်တင်ကာ ကွပ်မျက်လိုက်သည်ဟု အီရတ်တရားရေး ဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်ကြေညာကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်နှင့် ဆက်စပ်သည့်နေရာမှ သိမ်းဆည်းရမိသော အဖိုးတန် လက်ဝတ်ရတနာများနှင့် အခြားဇိမ်ခံပစ္စည်းများကို မလေးရှားအစိုးရက ရောင်းချသွားမည်ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီး လင်ဂွမ်အန်းက AP သတင်းဌာနနှင့် အင်တာဗျူးတွင်ပြောကြားကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။