News

POST TAGGED AS

ဝန်ထမ်း

စမ်းချောင်းမြို့နယ်၊ စမ်ချောင်း (တောင်) ရပ်ကွက်၊ ဗဟိုလမ်းနှင့် မင်းလမ်းထောင့်တွင် ဇွန်လ ၁ ရက် ညနေ ၄ နာ ရီခွဲခန့်က ကွန်ကရစ်လမ်းခင်းရန် သံချောင်းစိုက်သည့် အသက် ၄၁ နှစ်အရွယ် စည်ပင်ဝန်ထမ်းအမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အကူအညီဖြင့် နေပြည်တော်တွင် ဝန်ထမ်းတက္ကသိုလ်တစ်ခုကို ၂၀၂၀ ခုနှစ်တွင် စတင်တည်ဆောက်ရန် တင်ပြထားကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဦးစောဘယ်လင်တိုင်းက ပြောကြားသည်။
ယခုနှစ်တွင် တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် ဝန်ထမ်းအိမ်ရာ ၁၀၀ ကျော် ဆောက်လုပ်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။
မန္တလေးတိုင်းအတွင်း တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်းများအတွက် ကျပ်သန်း ၃၇၀၀ ကျော် အကုန်အကျခံကာ ဝန်ထမ်းအိမ်ရာများ တည်ဆောက်နေပြီ ဖြစ်ကြောင်း မန္တလေးတိုင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောကြားသည်။
ပထမဦးဆုံးအနေနဲ့ ကာကွယ်တားဆီးဖို့ဆိုရင် အကျင့်ပျက် လာဘ်စားမှုတွေ ရှိနိုင်တဲ့ နိုင်ငံ့ဘဏ္ဍာတွေကို ကိုင်တွယ်သုံးစွဲပြီး ပြည်သူလူထုနဲ့ အများဆုံး ဆက်ဆံနေရတဲ့ ဌာနတွေ၊ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်သုံးစွဲတဲ့ ဌာနဆိုင်ရာတွေကို ဦးတည်ချက်ထားပြီး တာဝန်ယူတဲ့ အရာထမ်းတွေကို ပစ်မှတ်ထားရပါမယ်။ ဒီဌာနတွေရဲ့ သဘောသဘာဝ စနစ်များနဲ့ လုပ်ထုံးလုပ်နည်းတွေကို စောင့်ကြည့်ပြီး လိုအပ်ရင် ပြုပြင်ပေးရမယ်၊ ကျန်သူတွေက စောင့်ကြည့်ကြရပါမယ်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ မြေဧက ၁၈၃ ဧကပေါ်တွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာကို မတ်လမှစတင်ကာ တည်ဆောက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးတင်အောင်မြင့်က ပြောကြားသည်။
ထားဝယ်ခရိုင် ဟိန္ဒားရွာရှိ သတ္တုတွင်းဆေးရုံတွင် ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်းများ ခန့်ထားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ထပ်မံတောင်းဆိုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက ပြောသည်။
ပြည်တွင်းစက်ရုံ ၄၀၀ ခန့်မှ ဝန်ထမ်းများသည် မုဒိမ်းမှုကျူးလွန်သူများကို သေဒဏ်ပေးရေးအတွက် ထောက်ခံကြောင်း လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း မုဒိမ်းမှု သေဒဏ်ပေးရေး လက်မှတ်ကောက်ခံသည့် Four Women's Voice (အမျိုးသမီးလေးယောက်ရဲ့အသံအဖွဲ့) မှ အဖွဲ့ဝင် မလီလီနိုင်ကျော်က ပြောကြားသည်။
ယခုနှစ်သင်္ကြန်ကာလ လေးရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနတွင် ဆရာဝန်၊ သူနာပြု၊ လူနာတင်ယာဉ်မောင်းနှင့် ဆေးရုံအကူ ဝန်ထမ်းများကို တိုးမြှင့်ချထားမည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အကျင့်ဆိုးများ မဖျောက်နိုင်သေးသည့်ဝန်ထမ်းများ ရှိနေဆဲဖြစ်သောကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထုတ်ပယ်သည်အထိ အရေးယူရမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။