News

POST TAGGED AS

ဝစီပိတ်

ဝစီပိတ်ဆရာတော်၏ သက်တော် ၆၁ နှစ်ပြည့် မွေးနေ့ကျင်းပ
ကျိုင်းတုံ၊ မေ ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ယန်းလောကျေးရွာအုပ်စုရှိ သီလဓမ္မကုန်းသာ တောရကျောင်းဆရာတော် ဦးကောဝိဒ (ဝစီပိတ်ဆရာတော်) ၏ ၆၁ နှစ်ပြည့် ဝိဇာတမွေးနေ့ အခမ်းအနားကို မေလ ၁၄ ရက် နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

ဆရာတော်၏ မွေးနေ့အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှအပါအဝင် တပ်မတော်အကြီးအကဲများနှင့် ဇနီးများတက်ရောက်သည့်အပြင် ထိုင်းနိုင်ငံမှ တပ်မတော် အကြီးအကဲအချို့၏ ဇနီးများ တက်ရောက်ခဲ့သည်။ 

တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ထိပ်ပိုင်း အကြီးအကဲများသည် ဝစီပိတ်ဆရာတော်ကို ကိုးကွယ်ကြသည်။ 

R-16



FOLLOW US