News

POST TAGGED AS

လူသေအလောင်း

မြှုပ်ပြီးသား အလောင်းကို ပြန်တူးဖော်၍ စစ်ဆေး
ကျိုင်းတုံ၊ ဩဂုတ် ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၅) ရပ်ကွက် စိန်မေရီမူကြိုကျောင်းရှိ အိမ်သာကျင်းအတွင်း ပြုတ်ကျသေဆုံးခဲ့သည့် မူကြိုကလေးငယ်အလောင်းကို ဩဂုတ် ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ပြန်လည်တူးဖော်၍ အမှုဖွင့်စစ်ဆေးနေကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်က ပြောကြားသည်။

“မူကြိုကျောင်းအိမ်သာ ကျင်းထဲကို (ဩဂုတ်) ၁၅ ရက်နေ့က ကလေးမလေးပြုတ်ကျသေဆုံးပြီး ၁၆ ရက်နေ့မှာ ခရစ်ယာန်သင်္ချိုင်းထဲ မြေမြုပ်သင်္ဂြိုဟ်လိုက်တယ်လို့ သတင်းကြားတယ်။ ဒါ့ကြောင့် မနေ့က ပူးပေါင်းအဖွဲ့နဲ့ ပြန်တူးဖော်ပြီး အမှုဖွင့်စစ်ဆေးခဲ့တာပါ”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ မူကြိုကျောင်း အိမ်သာကျင်း အမိုးသွပ်ပြားအဆွေးပေါ်မှ ကျွံကာပြုတ်ကျသေဆုံးခဲ့သည့် အသက် ၂ နှစ်နှင့် ၈ လအရွယ် ကလေးငယ်၏ ရုပ်အလောင်းကို တူးဖော်စစ်ဆေးခဲ့ရာ ဝဲဘက်နံရိုးတစ် ချောင်းကျိုးနေပြီး ဝမ်းဗိုက်အတွင်း မိလ္လာရေများအပြည့်တွေ့ရှိခဲ့၍ သေမှုသေခင်း အမှတ်စဉ် (၃၆/၂၀၁၈) ရေးဖွင့်ကာ စစ်ဆေးနေကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16



FOLLOW US