News

POST TAGGED AS

လူရိုက်မှု

ပဲခူးတိုင်း ဖြူးမြို့နယ် အနောက်ဘက် ပဲခူးရိုးမတောင်ပေါ် ဖြူးလေးချောင်းဖျားရပ်တွင် ဩဂုတ် ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က မီးသွေးဖုတ်နေသည့် မယားညီအစ်ကိုနှစ်ဦး အရက်အတူသောက်စားရာမှ စကားများရန်ဖြစ်စဉ် တုတ်ဖြင့်ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း ဖြူးမြို့မရဲစခန်းထံမှ သိရသည်။
ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ အနော်ရထာလမ်းရှိ ဟိုတယ်တစ်ခုတွင် ဇွန်လ ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ရောင်းချပေးရန် အပ်ထားသည့် သိန်း ၆၅၀ တန် ကျောက်ကို ပြန်တောင်းယူသူ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး တူဖြင့်ထုခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ပဲခူးတိုင်း တောင်ငူမြို့နယ် အမှတ် ၁၉ ရပ်ကွက် ဒေါနလမ်းတွင် ဇွန်လ ၁၇ ရက်နေ့ ည ၇ နာရီခန့်က အရက်အတူသောက်စားပြီး စကားများရန်ဖြစ်စဉ် လက်သီးဖြင့်ထိုးသူကို တုတ်ဖြင့်ရိုက်သတ်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းထံမှ သိရသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၆၈) ရပ်ကွက်တွင် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးကို ဓား၊ သံတုတ်များဖြင့် ဝိုင်းဝန်းရိုက်သတ်သည့် အမျိုးသား ၅ ဦးကို အရှေ့ပိုင်းခရိုင် တရားရုံးမှ မေလ ၂၈ ရက် မွန်းလွဲပိုင်းတွင် ထောင်ဒဏ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၃) ရပ်ကွက်၊ စက်မှုဇုန်ပတ်လမ်းပေါ်တွင် မေလ ၂၅ ရက် ည ၁၀ နာရီခန့်က ဘက်ထရီစက်ဘီးစီးကာ နေအိမ်သို့ ပြန်သော အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို လူငယ်လေးဦးက ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ပြီး စက်ဘီးအပါအဝင် ပါသမျှပစ္စည်းအားလုံးကို လုယက်ယူဆောင်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ အစစ်ဆေးမခံဘဲ မောင်းပြေးသည့်မော်တော် ယာဉ်ကို လိုက်လံဖမ်းဆီးရာတွင် ယင်းယာဉ် ပေါ်မှလူများ၏ ရိုက်နှက်မှုကြောင့် အကောက်ခွန်အရာရှိနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိန်းနီမြို့မရဲစခန်းထံမှ သိရသည်။
ထားဝယ်မြို့တွင် ဧပြီလ ၂၅ ရက် ညက အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်များ၏ အကြောင်းမဲ့ အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် လူသုံးဦးဒဏ်ရာရရှိပြီး ဆိုင်ခန်းတစ်ခန်း ဖျက်ဆီးခံခဲ့ရသည်။
ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် ဝမ်တုံရွာအနီးရှိ ကျိုင်းတုံ - တာချီလိတ်လမ်းတွင် မတ်လ ၂၇ ရက်မွန်းလွဲပိုင်းက အမှတ် (၁၀၀၉) နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးကို အမျိုးသားခြောက်ဦးက ဝိုင်းရိုက်ခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။
တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ သီတာလမ်းနှင့် ကျောက်မြောင်းလမ်းထောင့် လက်ဖက်ရည်ဆိုင်တွင် ပြင်ပအစားအစာများ မှာယူမစားရန် ပြောသည့်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးကို အုပ်စုဖွဲ့ ဝိုင်းထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂) ရပ်ကွက်တွင် လုယက်မှုဖြင့် သတင်းပေးတိုင်ကြားခံရသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး မီးတန်းယာဉ်ပေါ် ခေါ်ဆောင်သွားသည့် ရဲတပ်သားတစ်ဦးကို ဖမ်းဆီးခံရသူဘက်မှ အုပ်စုဖွဲ့ဆဲဆိုခြိမ်းခြောက်၍ ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။